Part 1
17K 476 56
"သက်မောင့်ငယ် သားလေး ဘယ်မှာလဲ"
"သားသား ဒီမှာ "
"အော် သားလေးက သမီးနဲ့အတူကစားနေတာလား ကြည့်စမ်းပါအုံး သားကစပါးတင်မှဲ့အတုလေးလုပ်ထားတော့ မမနဲ့မှားနေရပြီ"
"ဟီးး ဟုတ်တယ် ငယ့်ကို မမလုပ်ပေးတာ"
"ဟုတ်ပါပြီကွယ်! သမီး"
"ရှင် အမေ!"
"မောင်မောင်ကို မနိုင်ရဘူးနော် သားကလည်း မမစကားဆို အမြဲနားထောင်ရမယ်နော်"
"ဟုတ်ကဲ့"×2
'အသက် ၅နှစ်အရွယ် ကောင်လေးနဲ့ ၁၀နှစ်အရွယ် ကောင်မလေးတို့က အိမ်ထဲ အတူတူထိုင်ကစားနေကြသည်'
"မမ  ငယ် အသက်ရှုမဝဘူးး အားးး!!"
'အငယ်လေးက ရင်ဘတ်ကိုဖိကာ နေရခတ်စွာပြောလိုက်သည်'
"မေမေ  ဖေဖေ ဒေါ်ကြီး လာပါအုံး မောင်မောင် မေ့လဲသွားပြီ မေမေ!!"
'သက်မေ့ငယ် တစ်ယောက် သူ့မောင်ကို ပွေ့ထားပြီး မိဘတွေကို လှမ်းအော်ခေါ်နေတော့သည်'
"သား  သားး ဘာဖြစ်တာလဲ ဖေကြီးရေ အမြန်ဆေးရုံပို့ပါ"
"ဘဘုန်းဆီသွားကြမယ် ပယောဂတွေများလား သမီးလေး ဒေါ်ကြီးနဲ့ နေရစ်အုံးနော် မမ သမီးကို ခေါ်ထားပါအုံး"
"အေးအေး"
'ဦးထွန်းမောင် က သက်မေ့ကို သူ့အစ်မဆီထားပြီး သူ့သားကို ပွေ့ခေါ်ပြီး လှည်းပေါ်တင်ကာ ဘုန်းကြီးကျောင်းသို့မောင်းနှင်လာတော့သည်'
"ဘဘုန်း ကျုပ်သားကို ကယ်ပါအုံး "
"အငယ်လေးလား ဘာဖြစ်တာလဲ ဒီမှာ ချ ချ"
"ဟုတ် ဟုတ်"
'ဦးထွန်းမောင်လည်း စိတ်ပူနေတာနဲ့ ဟုတ် ပြောကာ ကလေးကို ဖျာခင်းပေါ်ချလိုက်သည်'
"ဘဘုန်း ကျုပ်သားလေး ဘာဖြစ်တာလဲ ဟင် အမြဲဒီလိုဖြစ်နေတာ ဆေးရုံပြတော့လဲ မထူးဘူး ကျုပ်စိတ်ပူလိုက်ရတာတော်"
"မွေးလနဲ့မွေးရက် ပြော အရမ်းစိတ်မပူနဲ့ လှမြိုင်"
"သားမွေးရက်က ******"
"ဒီကလေးက နာမည်စီးနေတာ သက်မောင့်ငယ်ဆိုတဲ့နာမည်မှာ သက်က စီးနေတာ ဒါကြောင့်မို့ ကျန်းမာရေးချူချာနေတာ "