"မြို့အုပ်မင်း ကျုပ်တို့အိမ်က ရှာနေသေးလားခင်ဗျ"
'သာလှက အုပ်စိုးကို ယဉ်ကျေးစွာမေးလိုက်သည်'"ချိုသဲကို ပြောထားခဲ့တယ် ဒေါ်ဒေါ် ဘာကူပေးရမလဲဗျ"
"အုပ်စိုး ရေလာခပ်ချည် ကျုပ်နဲ့အတူ"
'သျှားက ရေတွင်းအနားကနေလှမ်းခေါ်လိုက်သည်'"သားငယ်မနိုးသေးဘူးလား"
"ဟုတ်ကဲ့ သမီးလေးမနိုးသေးလို့ ပြန်အိပ်ခိုင်းထားတာ"
"အင်း သျှားစစ်ညိုဆီ သွားကူလိုက်"
"ဟုတ်ကဲ့"
"အစ်မကော ကူပေးမယ် ညီမ "
"နို့ မလုပ်ပါနဲ့ အစ်မရယ် အသာထိုင်နေပါ ကိုခန့်ပိုင် တော်က ဧည့်ခံလိုက်အုံးလေ"
"ကျုပ်ကိုက မနေတတ်တာပါ အစ်မ ဟင်းရွက်ကူသင်မယ်"
"လုပ်ပါစေ အစ်မခတ္တာရာ ညိုက ဟင်းချက်ထမင်းချက်ကို သူ့လက်နဲ့သူမှကျေနပ်တာလေ အိမ်မှာတောင် အငှားထမင်းချက်မရှိဘူး"
"စစ်မောင် နင်ပြောနေတာ ငါကပဲ ခတ္တာချက်တာမကြိုက်သလိုဖြစ်နေပြီ"
"နို့ မောင်က ညိုဘက်က ကူပြောပေးတာလေ"
"အစ်မယောက်ျားက ကလေးဆန်လိုက်တာ"
"သားစစ်ကမှ သူ့ထပ်ရင့်ကျက်သေး"
"တောလုံးညို သေရာကနေ မထသေးဘူးလား "
"နို့ ဒေါ်ဒေါ်ရယ် အိပ်ပါစေအုံး သူ့အတွက်လုပ်ရမယ့်ဟာမှန်သမျှ ကျုပ်လုပ်ပါ့မယ်"
"ဧည့်သည်တွေတောင်အကုန်နိုးနေပြီ ဒင်းက နေရလို့နေနေတာ"
"အိပ်ပါစေ ဒေါ်ဒေါ်ရယ် သမီးလည်းဘာကူပေးရအုံးမလဲ"
"ထိုင်နေ သမီးလေး သွား ဖေခန့်ဘေး ရေနွေးသောက်နေ"
"သျှားစစ် မင်းယောက္ခမက တောလုံးကလွဲအကုန်ကြည်ထင်တယ်"
"ဆန်ရင်းနာနာဖွတ်ရတာပေါ့ ရော့ ရေသယ် ကျုပ်က ငင်ပေးမယ်"
"အင်း ကျုပ်က အခု မောင့်ငယ်ကို တရားဝင်ပိုင်ဆိုင်သွားပြီ နှလုံးသားချင်းလည်းထပ်တူကျသွားပြီ"
"နို့ ကျုပ်နဲ့တောလုံးလေးက ပိုထပ်တူကျတာပေါ့ မပြန်ခင်ကို ဒီမှာ မဂ်လာတစ်ပွဲဆောင်သွားမယ် မိုးမောက်မှာ အကြီးအကျယ်ထပ်ဆောင်မယ်"
YOU ARE READING
Romance1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာတ်လမ်းအားလုံးက ယဉ်လေးရဲ့ စိတ်ကူးများသာဖြစ်သည် အပြင်မှာတူညီမှုရှိပါက တိုက်ဆိုင်မှုအဖြစ်မှတ်ယူပေးကြပါ အမှားများရှိပါက သည်းခံပြီးဝေဖန်ပေးကြပါရှင် 1900ခေတ်နှောင်းပိုင်းလေးပါ အမည် နေရပ်နဲ့အသုံးအဆောင် ဇာ...