Part 15
3.7K 225 8
"မောင်အုပ်စိုး"
"နို့ ကြီးမေ ဘာကိစ္စများရှိလို့ပါလဲ ထိုင်ပါအုံး"
'အုပ်စိုးက ကြီးမြကို ခုံပေါ်မှာထိုင်စေပြီးသူပါထိုင်လိုက်သည်'
"မောင့်ငယ်လေးကို အထင်မလွဲပါနဲ့ကွယ် သူ့ခမျာ မီးငယ်လေးကို အရမ်းချစ်တာပါကွယ် ထိခိုက်လိုစိတ်မရှိပါဘူး လူလေးမသိတာတွေတောင်ရှိတယ်"
"ဘာတွေများလဲ ကြီးမေ ကျုပ်ကိုပြောပြပါ"
"မမလေးအေးမြတ်က မီးငယ်လေးကို ချီမှာလိုလိုနဲ့လွှတ်ချလို့ မောင့်ငယ်လေးကစိတ်တိုပြီးလုပ်တာပါကွယ်"
"အဲ့ဒါကျုပ် သိပါရဲ့ မသိသေးတာဆိုတော့ ဘာများထပ်ရှိနေလို့လဲ"
"မောင့်ငယ်လေး အပြင်းဖျားလို့ မောင်တိုးလာခေါ်တဲ့ညကို မှတ်မိလား လူလေး"
"ဟုတ်ကဲ့ မှတ်မိပါတယ် "
"အဲ့ညက မောင့်ငယ်လေးက သာမာန်နေမကောင်းတာ မဟုတ်ဘူးကွဲ့ "
"ဘယ်လို အားနည်းပြီး သွေးလေမလျှောက်တာဆို"
"ဘယ်ကသာကွယ် အဲ့နေ့က မီးငယ်လေးက အရမ်းငိုနေလို့ အမွှာလေးတွေအစ်မချိုသဲဆီ နို့သွားတိုက်ပေးတာ ဟိုက မိခင်တွေနို့ရည်ထွက်ကြောင်းနဲ့ မိခင်မဟုတ်လည်းနို့ဘယ်လိုထွက်တယ်လို့ ပြောလိုက်တယ်ထင်ပါ့ အဲ့အရူးလေးက မိုးနံဟင်းချိုတွေသောက်ပြီး တစ်နေ့လုံး ခါးမှာလွန်းတင်ကြိုးကြီးချည်ထားတာကွယ် သွေးလေမလျှောက်တော့ ညကြမေ့လဲတော့တာပေါ့"
"အငယ်ကွာ"
'အုပ်စိုးက မချိတင်ကဲရေရွတ်လိုက်သည်'
"မောင့်ငယ်လေးက ယောက်ျားဆိုတဲ့ဂုဏ်ပုဒ်ကိုမေ့ပြီး မီးငယ်လေးအတွက် နို့ချိုတိုက်ပေးချင်တဲ့ မိခင်စိတ်အပြည့်ရှိတဲ့ကလေးပါ ကတော်လေးထပ် မီးငယ်ကို  မောင်အုပ်စိုးအခုလိုပြောလိုက်တော့ ဘယ်စိတ်ကောင်းမှာလဲ"
*မောင့်ရဲ့ငယ်က မိခင်စိတ်အပြည့်ဝရှိလိုက်တာ သမီးလေးရဲ့ဒုတိယအမေဖြစ်ထိုက်သလို မင်းကတော်စရိုက်နဲ့ကိုက်ညီပြီးစိတ်ထားမွန်မြတ်တဲ့မင်းလေးက မောင့်ရဲ့ကတော်လေးလည်းဖြစ်ထိုက်နေပြန်ကော အိုး အမြန်လက်ဝယ်ပိုင်ဆိုင်ချင်လှပြီ*