Part 27
3.2K 181 26
"တောက်!!ကျုပ်ရဲ့သည်းညှာကိုများ စော်ကားရဲကြတယ်"
"မောင့်ငယ်က မြို့အုပ်မင်းကို မပြောနဲ့ဆိုလို့သာ မဟုတ်ချင် ကျုပ် ချက်ချင်းကို လာပြောတယ်"
"ပုစူးကောင် မင်း ဒီအကြောင်းဘယ်အချိန်ကစသိတာလဲ"
"မနက်၁၀ နာရီလောက်က"
"သြော်"
*အခု ၁၂နာရီ ချက်ချင်းမပြောရှာပါဘူး ရင်းစိုင်ကနေ မိုးမောက်ရုံးထိလာပြီး*
'သျှား တောလုံးကိုကြည့်ပြီး မျက်နှာမဲ့မိလိုက်သည်'
"ကျုပ်တို့ သူငယ်ချင်းကိုများ ရာရာစစနဲ့ အဲ့ဘွားတော်တွေကို သွားလုပ်သတ်ပစ်ချင်တာ မောင့်ငယ်တားနေလို့"
'သူငယ်ချင်းလေးယောက်သား မြို့အုပ်ရုံးခန်းထဲရောက်ပြီးပြောနေကြတာဖြစ်သည်'
"ကာမေသုမိစ်ဆာစာရကံ ဘယ်သူက ကျူးလွန်နေလို့လဲ ကွာရှင်းပြီးမှယူတာ ဖြစ်ခြင်းဖြစ်မြို့အုပ်မင်းကဖြစ်ရမှာ"
"ပုစူးကောင်"
'သျှားက အုပ်စိုး ရှေ့ရန်တွေ့နေတဲ့ တောလုံးဘေးအမြန်သွားပြီးတားလိုက်သည်'
"ဟုတ်တာပြောနေတာ ကျုပ်သူငယ်ချင်းကို ယူပြီး ကာကွယ်မပေးဘူး ကျုပ်က မြို့အုပ်မင်းကိုယုံလို့သဘောတူတာ တစ်ရာတောပြန်ချင်တဲ့အထိ ကျုပ်သူငယ်ချင်းဝမ်းနည်းခံစားနေရတာ သိရဲ့လား စုံထောက်ကြီးရဲ့ အီးးဟီးးးးကျုပ်ရောက်သွားတော့ လမ်းကြားသစ်ပင်အောက်မှာ အော်ငိုနေတာသိရဲ့လား အီးးဟီးး"
'တောလုံးက သျှားရင်ဘတ်ကို ထုထုပြီးအော်ငိုနေသည်'
"အေးပါ မငိုနဲ့နော် "
'သျှားးက တောလုံးကို ရင်ခွင်ထဲဖက်ထားပြီး ကျောပုတ်ပေးနေသည်'
"သျှားစစ်ညို"
"အင်း"
"ရော့ စာအုပ်ယူသွား ရင်းစိုင်တစ်ရွာလုံးရှိလူတွေရဲ့အားနည်းချက်ကို ရွာခဲ့ ပြီးရင် ဒီစာအုပ်ကို မောင့်ငယ်ပေးလိုက်"
"နို့ ကျုပ်က အားယားနေတာ မဟုတ်ဘူး မြို့အုပ်မင်း"
"မင်းက စုံထောက်ပဲ ဒီလောက်ကတော့ ခက်ခဲမယ်မထင်ဘူး မင်းနဲ့အတူ အဲ့လေးယောက်ပါခေါ်သွား".
"နို့ ကျုပ်က ဘိလပ်ပြန် CIA စုံထောက်
သျှားစစ်ညို နော် စသုံးလုံး(စပ်စုစိန်)စုံထောက်မဟုတ်ဘူး"