Part 10
5.4K 283 22
အမှောင်ထုများလွှမ်းခြုံနေသောညနေခင်းအချိန်တွင်
"မောင့်ငယ်!"
"ဦးမောင်  အီးးဟီးးးငယ် တမင်လုပ်တာ မဟုတ်ပါဘူး ငယ် တကယ်မသိတာပါ ငယ်က ဦးမောင်ကို ထိခိုက်လိုစိတ်မရှိပါဘူး ငယ့်ကြောင့် ဦးမောင် နေမကောင်းသွားတာ အီးးဟီးး"
'အငယ် က သူ့ရှေ့မှာ ဒူးထောက်ကာသူနှင့်တန်းတူထိုင်နေသော အုပ်စိုးကို သိုင်းဖက်ပြီး ငိုနေတော့သည်'
"မငိုရဘူးလေ ငယ့် ကြောင့် မဟုတ်ပါဘူး  အိမ်ထဲဝင်ကြရအောင် ခြင်တွေကိုက်တယ်"
'အုပ်စိုးက အငယ့်ကျောပို ချော့ပွတ်ကာ ထစေလိုက်သည်'
"ဟုတ်"
"ကျုပ် မင်း ကို လိုက်ရှာနေတာ အချိန်ကြာပြီ ဒီမှာ ထိုင်ငိုနေမယ်လို့ မတွေးခဲ့မိဘူး"
"ကျုပ်ကြောင့် ဒုက္ခများရပြီ တောင်းပန်ပါတယ် နောက်မဖြစ်စေရပါဘူး"
"ငယ်!"
"ဗျာ"
"ငယ် လို့ပြော ကျုပ်နဲ့အတူရှိရင် ငယ် လို့ပြော"
"ဟုတ်ကဲ့!"
"ဗိုက်ဆာနေလား ထမင်း ကကော ဝခဲ့ရဲ့လား ကျုပ်ကြောင့် မင်း ထမင်းစားပျက်ခဲ့ရပြီ"
"မဆာပါဘူး"
"အိမ်ထဲဝင်ကြရအောင် ကျုပ်သမီးက မင်းမရှိတော့ ငို နေတယ်"
"အာ  ငယ် မီးငယ်လေးကို မေ့သွားခဲ့တယ် ဦးမောင် ငယ့်ကို စိတ်ပျက်ငြိုငြင်သွားပြီထင်လို့"
"ကျုပ်က ဘာကြောင့် ငြိုငြင်ရမှာလဲ ပေါက်ကရတွေ လျှောက်မတွေးနဲ့ "
'ငယ်နဲ့ အုပ်စိုးက အိမ်မကြီးဆီ လမ်းလျှောက်ရင်း စကားပြောလာကြသည်'
"ဟုတ်"
*မင်းရဲ့စိတ်ထဲမှာ ကျုပ်ကိုပဲ ဦးစားပေးပြီး ကျုပ်အကြောင်းတွေသာ စဉ်းစားပေးပါ ငယ် မင်းရဲ့ပျော်ရွှင်ခြင်းကို ဒီ မောင်က အပြည့်အဝ တာဝန်ယူပါ့မယ်*
'အုပ်စိုးက သူ့ဘေးက အငယ့်ကို ချစ်စိတ်တွေပြည့်စွာနဲ့ ငေးကြည့်နေမိသည်'
"လာပါပြီရှင် လေးငယ် က ဘယ်တွေသွားနေတာလဲရှင် မီးမီးက ရှာနေတာလို့"
"မီးငယ်လေး က ငိုနေတာလား လေးငယ် အမှားပါနော် တိတ်တိတ်"
'အငယ် က သက်မေ့ဆီက ကလေးကို ယူချီလိုက်သည်'