Part 3
5.2K 308 30
"မောင့်ငယ်လေး သားလေး"
"အမေ!!အဖေ ငယ့်ဆီလာတာလား ဟီးးးပျော်လိုက်တာ"
'ငယ်က ဒေါ်လှမြိုင်ကို ပွေ့ဖက်ကာပြောလိုက်သည်'
"ဟုတ်ပါပြီတော် ထိုင်အုံး အမေပြောစရာရှိလို့"
"ဟုတ်"
"သမီးမေ အိမ်ထောင်ကျပြီ"
"ဗျာ မမက ငယ်သေးတယ်လေ ဘာလို့ အိမ်ထောင်ချပေးတာလဲ အဖေက မတားဘူးလား"
"မင်းအမေက ဇွတ်ပဲ ငါ့သား"
"အိုးးတားစရာလား သမီးအသက်က ၂၀တောင်ရှိနေပြီပဲ ပြီးးတာ့ လာတောင်းရမ်းသူက မိုးမောက်အုပ်စုရဲ့မြို့အုပ်မင်းတော့် မြို့အုပ်မင်း လှမြိုင်သမီးက မင်းကတော်ဖြစ်နေပြီ"
"မမကကော နှစ်သက်ရဲ့လား"
"သမီးက သဘောတူတယ် ဒီလထဲပဲ မင်္ဂလာပွဲလုပ်မှာ"
"ဒါဆို ငယ် လိုက်ခဲ့ရမှာပေါ့ ငယ့်ကို လာခေါ်တာပေါ့လေ"
"မဟုတ်ဘူး သားကို အသိလာပေးတာ မင်္ဂလာပွဲကို မလာရဘူး ဒီမင်္ဂလာပွဲက မြို့အုပ်မင်းအထက်တန်းလွှာအသိုင်းဝိုင်းလေ သားနဲ့မဖြစ်ဘူး တော်ကြာ ဇာတာထဲကလို ဖြစ်နေမယ် အမေ့သားက အမေ့စိတ်ကို နားလည်ပေးနော်"
*သြော် အမေရယ် ငယ် ပထမဆုံးအကြိမ် ယောက်ျားလေးအဖြစ်မွေးလာတာကို စိတ်ပျက်မိပါရဲ့ ငယ်သာမိန်းကလေးဆို အမေ ခုလို ပျော်နေမှာနော် *
"လှမြိုင် ညည်းမလွန်လွန်းဘူးလား မောင့်ငယ်လည်း သူ့အစ်မ မင်္ဂလာပွဲတက်ချင်မှာပေါ့ ရှိတာမှ ဒီမောင်နှမပဲလေ ညည်း အတ္တတွေကြောင့် မောင့်ငယ်လေးက ပျော်နေမယ်ထင်နေလား"
'ဒေါ်ထွေးကြိုင်က မခံနိုင်စွာ ဝင်ပြောလိုက်သည်'
"ဟုတ်ပါတယ် လှရယ် သားငယ်လေးက သူ့အစ်မပွဲတော့ လာသင့်တာပေါ့"
"ဒီမှာ မမထွေး ကျုပ်တို့ သားအမိကြား ဝင်မပါပါနဲ့ ရှင်က မိခင်တစ်ယောက်ရဲ့ ခံစားချက် ဘယ်သိမလဲ"
"အမေ ကြီးကြီး ကို မပြောပါနဲ့ သား မလာဘူးနော် အဖေလည်း စိတ်မကောင်းမဖြစ်နဲ့"
"မိဘ ဝတ္တရားမကျေဘဲ ထိန်းချုပ်ချင်မှ ငါ့တူလေးဆီ လာမနေနဲ့ လှမြိုင် ငါကျွေးမွေးထားနိုင်တယ် နင့်သားကို နင်ပြန်မခေါ်ဘူးဆို ငါတစ်သက်လုံးခေါ်ထားမှာ နင့်အိမ်ကို နင်သေတောင် ပြန်မလာခိုင်းဘူး"