Part 5
5.2K 320 17
ဘာလိုလိုနဲ့ အငယ် ရင်းစိုင်ကို ရောက်နေတာ ၅လကြာပြီဖြစ်သည်
"မီးငယ်လေးး မိုင်မိုင်စားချင်နေပြီလား လေးငယ် ဝါးခွံ့မယ် ခဏနေအုံးနော်"
'အငယ်က မီးငယ်လေးကို ဖျာကြမ်းပေါ်တွင် စောင်ပါးလေးနဲ့ပက်လက်ကလေး ထားခဲ့ကာ မီးဖိုချောင်ထဲလာခဲ့လိုက်သည်'
"ခစ် ခစ်"
"အိုး  အဖေ့သမီးလေး မောင့်ငယ် အငယ် မြန်မြန်လာကြည့်ပါအုံး "
'ပက်လက်လေးကနေ အတင်းထကာ လေးဘက်ထောက်နေတဲ့ သမီးလေးကိုမြင်ပြီး အုပ်စိုးက  အငယ့်ကို အော်ခေါ်မိသည်'
"ဦးမောင် ဘာဖြစ်*အဲ မီးငယ်လေးက လေးဘက်သွားနေတယ် ငယ့်ရဲ့မီးငယ်လေးကလေ အီးးဟီးးးးးးး"
'အငယ်က လက်ထဲက ထမင်းဇလုံလေးကိုကိုင်ကာ ထိုင်ချပြီး ငိုနေတော့သည်'
#မောင့်ငယ်လေးကို အကဲပိုတယ်လို့ မမြင်ကြပါနဲ့နော် ရင်၌ဖြစ်တည်ပြီး ချစ်ရတဲ့ကလေးလေးက ကိုယ့်ရှေ့မှာ ကြီးလာပုံကိုမြင်ပြီး ဝမ်းသာလွန်းလို့ ငိုမိတာပါ
"ဟောဗျာ ခင်ဗျားလေးက ကလေးလား ဘာလို့ငိုတာလဲ ကျုပ် သမီးက ကြည့်နေတယ် ရှက်ဘူးလား"
"အဲ့  အဲ့"
"မြင်ရဲ့လား အငယ် မင်းရဲ့မျက်ရည်တွေက သမီးလေးနဲ့ဆက်နွယ်နေတယ် မင်းငိုရင် သမီးလေးကပါ ငိုတာ မငိုရဘူး တိတ်တော့"
'အငယ် ခေါင်းလေးကို ပုတ်ကာ ငိုနေတဲ့သမီးကို ပွေ့ချီပြီး အငယ်နဲ့တန်းတူထိုင်ကာ သူ့ရဲ့တိုက်ပုံအင်္ကျီလက်နဲ့ မျက်ရည်များကို သုတ်ပေးလိုက်သည်'
"ပျော်လို့ပါ ငယ်ပျော်လွန်းလို့ပါ ငယ် တယုတယထိန်းလာတဲ့မီးငယ်လေးက ငယ့်မျက်စိအောက်မှာတင် ကြီးလာလို့ပါ"
"သမီးလေးကတော့ အမေမှားနေတော့မှာပါပဲ "
"ကျုပ်က ချစ်တာကိုလို့"
"နို့ ကျုပ်လည်း ဘာပြောလို့လဲ "
'ဆူအောင့်အောင့်လေး ပြောလာတဲ့ အငယ်ကို အုပ်စိုးက ပြန်ပြောလိုက်သည်'
"မောင်မောင် ဘာဖြစ်လို့လဲ"
"မမ မီးငယ်လေးက လေးဘက်ထောက်နေပြီ ထိုင်လည်း ထိုင်နိုင်နေပြီ"
"ဟုတ်လား မေမေ့သမီးလေးကတော်လိုက်တာ မောင် အလုပ်နောက်ကျနေမယ်လေ"
'သက်မေ့က အုပ်စိုးလက်ထဲက ကလေးကို လက်ပြောင်းယူပြီးပြောလိုက်သည်'