Part 7
5K 313 36
"နို့ သတင်းစာကြည့်ကြပါအုံး ဘယ်သူကများ အပြောင်အပျက်လုပ်လိုက်သလဲတော်"
"ကျုပ်လည်း အဲ့သလို ထင်ပါ့တော် မြို့အုပ်မင်းကသူ့ဇနီးကို အရမ်းချစ်တာ ဘာလို့ ဒုတိယဇနီးလိုမလဲတော်"
"အဲ့ဒါအမှန်ပဲတော် မြို့အုပ်မင်းအိမ်နီးချင်း မပု ပြောတာတော့ ကတော်လေးက အပျော်အပါးမက်တယ်တဲ့တော် ကလေးလည်းမထိန်းဘူး ဒါမို့ မြို့အုပ်မင်းက ဒုတိယဇနီး ကောက်တာပေါ့"
"မြို့အုပ်မင်းရဲ့ ဒုတိယဇနီးလည်း ကျေနပ်ပါ့ ကျုပ်တော့ အရွေးခံမယ်"
'ရင်းစိုင် ရွာပါမက မိုးမောက်မြို့အပါအဝင် ၇ ရွာ အုပ်စုလုံး အထိ မြို့အုပ်မင်းက ဒုတိယဇနီးထားရန် တော်ကောက်မည် ဆိုသော ခေါင်းစီးသတင်းစာက ပျံ့နှံ့သွားတော့သည်'
"သားငယ် ဈေးကို လိုက်မှာမို့လား"
"ဟုတ်ကဲ့ "
"အဲ့ဒါဆို သွားကြရအောင်ကွယ် မနက်ဈေးလေး မှီအောင်"
"မီးငယ်လေး မနိုးသေးတော့ ဟန်ကျတာပဲ နို့မို့ဆို လိုက်ချင်နေအုံးမှာ"
"မောင့်ငယ်လေး ဘယ်ကနေဘယ်လိုကြားလာတာလဲကွယ် အဲ့ဒီနည်းလမ်းတွေက"
"ဟို ဟိုလေ ငယ် က မီးငယ်လေးကို သနားပြီး မီးငယ်အတွက်ပဲကြည့်မိပြီး လုပ်မိသွားတာ ကြီးကြီး တို့ကို အလုပ်ရှုပ်စေမိပြီ"
"မဟုတ်တာသားရယ် သားအတွက်ပြောပြတာ နို့ရည်ဆိုတာ အမျိုးသမီးတွေမှ ထွက်တာလေ အိမ်ထောင်သည်အမျိုးသမီးအများစုမှပေါ့"
"ဟုတ် ငယ် က မီးငယ်ကိုပဲ မြင်မိနေတော့ ဘာမှမစဉ်းစားနိုင်ဘဲ အတွေးတိမ်သွားတယ် နောက်မလုပ်တော့ပါဘူး"
"အေးကွယ်"
"မမနဲ့ဦးမောင်ကို မပြောပြပါနဲ့နော်"
"မပြောပါဘူးကွယ် သွားကြရအောင် နေမြင့်နေမယ်"
"ဟုတ်"
ဂွတ် ဂွတ်
'အငယ့်ရဲ့ ခုံဖိနပ်သံက မနက်စောစောအချိန်မှာ စီးချက်မှန်စွာထွက်ပေါ်နေသည်'
"မောင့်ငယ်!"
"ခင်ဗျာ ဦးမောင် ဘာမှာချင်လို့လဲ"
'အငယ်တို့ အိမ်ခြံအထွက်ရောက်ခါနီးမှ အုပ်စိုးက ခေါ်လိုက်တာဖြစ်သည်'