Part 8
5K 289 19
"ဘွန္တောတေးဘုန်းမက ဝဋ်ဒုက္ခမှ မုချမတော့ငှက်တောင်ကျွန်းသို့
စွန်းနင့်ပျော်ပါး အို လူအများတို့
ရည်စူးစိတ်သန် မြတ်နိဗ္ဗာန်သို့
ဧကန်ရောက်ကြောင်း သဒ္ဒါလောင်း၍
ကောင်းမှုဒါန မြတ်စာဂနှင့်
စိတ်မှာပြဋ္ဌာန်းကပ်လှူဒါန်းဖို့
ဆွမ်းချက်ရန်ထတော်မူပါ့
ဘွန္တော သပ္ပူရိသအပေါင်းသူတော်ကောင်းတို့!"
"တူဝေဝေ!"
" ကြီးကြီး အပြင်ဘက်က ဘာတွေ ရွတ်နေကြတာလဲဟင်"
'အငယ်က အိပ်ယာမစောကြီးထပြီး ထမင်းချက်နေတဲ့ ကြီးမြအနား ထိုင်ကာမေးလိုက်သည်'
"ဟော သားငယ် ဒီနေ့ အစောကြီး နိုးတာပါလား"
"ဟုတ်"
"အခုဆိုနေကြတာ နိဗ္ဗာန်ဆော်သံလေ အခုလို အာရုံမတက်ခင် နံနက်ခင်းတိုင်း  ဆွမ်းချက်ဖို့ ဆော်သြတဲ့ အသံလေ"
"နေ့တိုင်းလား ငယ်ဖြင့် အခုမှသိရတယ် "
"သားငယ်လေး အိပ်ယာထတော့ မမှီတော့တာလေ သားသူငယ်ချင်းတွေတောင်ပါသေး"
"သာဟန် သာလှ လား"
"ဟုတ်ပါ့ သူတို့က နိဗ္ဗာန်ဆော်အဖွဲ့ထဲကလေ ဟော ကြေးစည်သံကနီးပြီ အိမ်ရှေ့ရောက်ပြီနေမှာ"
"ဒါဆို ငယ်လည်းလိုက်မှာ ငယ်လိုက်သွားပြီနော် ဦးမောင်မေးရင် ဖြေပေးပါအုံးး"
'အငယ်က မီးဖိုချောင်ထဲကနေ အတင်းပြေးထွက်သွားတော့သည်'
"ဟယ် အမှောင်ထဲ မပြေးနဲ့လေ ဒီကလေးကတော့ သူ့ဦးမောင်လည်း ဒီနေ့ နိဗ္ဗာန်ဆော် ထဲ ပါတယ်ဆိုတာ ပြောမလို့ကို အတင်းပြေးသွားတယ်"
"သာဟန် သာလှ ဘယ်မလဲ!"
'အာရုံတက်နံနက်ခင်း လေးနာရီ လခြမ်းကွေးလေးက မည်သူမည်ဝါမကွဲပြားလို့ အငယ်ခေါ်လိုက်သည်'
"မောင့်ငယ်လား ဘာလဲ"
'သာလှ က အငယ်ရပ်နေတဲ့ ခြံဝရောက်လာပြီးမေးလိုက်သည်'
"ကျုပ်လည်း လိုက်မလို့ လာလာ "
'အငယ်က သာလှလက်ကို ဆွဲကာ အဖွဲ့အနောက်ကလိုက်ခဲ့တော့သည် ရှေ့ဆုံးကလူက မီးအိမ်ကိုကိုင်ထားတာမို့ လမ်းပြရုံသာလင်းပေမယ့် အနောက်ကလူတွေကတော့ အမှောင်ထဲကနေလိုက်လာရသည်'