一个钢镚儿(A lucky coin)
အပိုင်း၁၀
ချူးယိသည် မနက်စောစော အိမ်မှထွက်၍ ကျောင်းသို့လာခဲ့ချိန်တွင် နည်းနည်းစိတ်လေးနေမိသည်။လျန်ပင်းလို လူလိမ်လူညစ်တစ်ယောက်က ဒီလေါက်အစောကြီး အိပ်ရာမထနိုင်လောက်မှန်း သူသိနေသည်။သို့သော် သူ (လျန်ပင်း)ညကတည်းက မအိပ်ပါက ဒါဆို သူ(ချူးယိ)လည်း မပြောတတ်တော့ပေ။
သူ ကော်ရစ်ဒါကို ဖြတ်လာသည့်အချိန်၌ ဘယ်ညာနှစ်ဖက်စလုံးကို ကြည့်လိုက်သည်။
အမေကလည်း ဒီနေ့အိမ်အပြင်ထွက်လာတာကြောင့် သူ့အနောက်မှ လိုက်လာကာ :
"နင် မသွားသေးဘူးလား?ဒီနားမှာ တုန့်နှေးတုန့်နှေးနဲ့ ဘာလုပ်နေတာလဲ!"
"အင်း"
ချူးယိက အသံတစ်ချက်ပေးလိုက်သည်။
အမေက သူ့ကို ထပ်ပြီးအာရုံစိုက်မနေတော့ပဲ စက်ဘီးစီး၍ ထွက်သွားခဲ့သည်။
ချူးယိလည်း ခပ်သွက်သွက် ထွက်လာခဲ့သည်။ပုံမှန်သွားနေကျ လမ်းက မသွားပဲ ၊ တစ်ခြားလမ်းခွဲတစ်ခုမှ ကွေ့ပတ်သွားလိုက်ကာ လမ်းမကြီးပေါ် ရောက်လာကာမှ ကျောင်းရှိရာဘက်သို့ လျှောက်လာခဲ့သည်။
အမေက သူ၏အပြုအမူနှင့် ပတ်သတ်ပြီး နည်းနည်းလေးမှ ဂရုမစိုက်မိပေ။ဘာကိုမှ ဂရုမစိုက်တာ ဖြစ်နိုင်လောက်သည်။
သို့သော် သူအမြဲတမ်း အခြားလူများ၏ အနှောင့်အယှက်ပေးတာ ခံနေရသည့်အကြောင်းကို အိမ်ကလူများအား အရင်နှစ်တွေကတည်းက သူမပြောပြခဲ့ပေ။တော်တော်ပင် ကြာနေပြီပင်......မူကြိုကျောင်း ကတည်းကလောက်ကများလား?
အဖွားက မူကြိုကျောင်းတွင် အပေါ်ပိုင်းဗလာဖြင့် ကျောင်းအုပ်နှင့် ရန်တစ်ခါဖြစ်လိုက်ပြီးနောက်တွင် ၊ သူ သူငယ်ချင်းများ၏ ရိုက်တာ ခံလာရပြီး နောက်ပိုင်း ပြန်လည်းမတိုင်ရဲခဲ့ပေ။
သို့သော် အဖွားမှာ သိနိုင်သည့် နည်းလမ်းများ ရှိနေတတ်ပြီး ၊ သူမ မသိလျှင်တောင်မှ သူမအား ရန်တိုက်ပေးရန် အပြေးလာပြောပြကြမည့် လူများ ရှိလိမ့်မည်ဖြစ်ပြီး သူမဒေါသထွက်သွားကာ ရန်တစ်ပွဲလောက် ဖြစ်သွားလျှင် ပျော်စရာတစ်ခုပင်။