一个钢镚儿(A lucky coin)
အပိုင်း၆၄
အချိန်က သိပ်မလိုတော့တာကြောင့် ၊ ချူးယိမှာ ယမ့်ဟန်နှင့်အတူတူ ထရပ်လိုက်ပြီး ကော်ဖီဆိုင်ရှိရာဘက်ကို လျှောက်လာခဲ့လိုက်သည်။
လူသွားလမ်းပေါ်ကို ကျောက်ခဲအကြီးကြီးတြွေဖင့် ခင်းထားတာကြောင့် ၊ ချူးယိမှာ လမ်းလျှောက်နေရင်း ကျောက်ခဲအဟကြားများကို ကန်မိ၍ ခလုတ်တိုက်နေမိသည်မှာ သုံးခါလောက်ပင် ရှိသည်။
ယမ့်ဟန်က ချူးယိဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြီ :
"မင်းရဲ့ ဒီပုံစံက ၊ တစ်ခြားသူနဲ့ လက်ဝှေ့ထိုးတဲ့ အချိန်ဆို တိုက်ခိုက်နေစရာမလိုလောက်ဘူး ၊ မင်း ကိုယ့်ဘာသာ ခလုတ်တိုက်လဲတော့မှ တစ်ခါတည်း တိုက်ခိုက်ပြီးသား ဖြစ်သွားအောင် စောင့်နေတာ မဟုတ်လား?"
ချူးယိက ယမ့်ဟန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ၊ ခေါင်းကိုငုံ့၍ မြေကြီးပေါ်တွင် ခြေထောက်ဖြင့် နှစ်ချက်လောက် ဆောင့်နင်းလိုက်သည်။
နှုတ်ခမ်းပေါ်တွင် ယမ့်ဟန်၏လက်ဖြင့် ထိတွေ့သွားသည့် အထိအတွေ့ကို အခုအချိန်ထိ ခံစားလို့ ရနေသေးသည်။သူ လမ်းလျှောက်နေရင်း လဲကျကာလိမ့်ထွက်မသွားတာကပင် အတော်လေး အဆင်ပြေနေပြီဟု ပြော၍ရသည်။
"၀င်သွားလိုက်တော့"
ယမ့်ဟန်က ချူးယိ၏ ပခုံးကို ပုတ်လိုက်သည်။
"ငါ ဒီနားလေးမှာ လျှောက်ပတ်ကြည့်နေလိုက်မယ် ၊ နည်းနည်းနောက်ကျရင် ငါ လာကြိုမယ်"
"ဟင့်အင်း"
ချူးယိက ယမ့်ဟန်ကို အမြန်ကြည့်လိုက်သည်။
"မင်းကားငှါးပြီး ,ပြန်လိုက်တော့လေ ၊ ကြိုစရာမလိုပါဘူး"
"ဘာဖြစ်လို့လဲ?"
ယမ့်ဟန်မှာ ကြောင်အသွားခဲ့သည်။
"မလုံခြုံဘူး"
ချူးယိက မျက်မှောင်ကြုတ်လိုက်ပြီး
"မင်း အပြင်မ,ထွက်လာနဲ့တော့"
ယမ့်ဟန်က ရယ်လိုက်ည်။ :
"ငါ့မှာ ဆဋ္ဌမအာရုံရှိ......"