အပိုင်း၇၃[Z]

57 9 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၇၃

"အဖွားဘာပြောလိုက်တာ?"

ချူးယိမှာ ဖုန်းကိုကိုင်ထားရင်း ၊ ကိုယ့်အသံက နည်းနည်း ဝေးသွားသလိုမျိုး ခံစားလိုက်ရသည်။

"နင့်အဖေ ရဲဌာနရဲ့ ဖမ်းတာကို ခံလိုက်ရပြီ ! "

အဖွား ဒီလိုစိတ်ရှည်တာမျိုးက ဖြစ်ခဲလှသည်ပင်။နောက်တစ်ခေါက် ထပ်ပြောပြလာသည်။

"အကျဉ်းထောင် အကြောင်းကြားစာတောင် ပို့လာပြီ ! "

"အကြောင်းကြားစာ?"

ချူးယိက အသံတိုးတိုးဖြင့် မေးလိုက်သည်။

သူ ဒီအသက်ဒီအရွယ် ရောက်သည်အထိ အကြောင်းကြားစာတစ်ခုသာ လက်ခံရရှိခဲ့ဖူးသည်။သူတို့ကျောင်းက ပေးပို့လာသည့် ကျောင်းဝင်ခွင့် အကြောင်းကြားစာ ဖြစ်သည်။အကြောင်းကြားစာက တစ်ခြားအမျိုးအစားတွေ ရှိနေသေးကြောင်းကို သူ ပထမဆုံးအကြိမ် သိလိုက်ရခြင်းပင်။

အကျဉ်းထောင် အကြောင်းကြားစာ?

"ရပြီ ၊ နင့်အမေတောင် သူ့ကို ဂရုမစိုက်တော့ဘူး ၊ နင်လဲ စိုးရိမ်မနေနဲ့တော့"

အဖွားက ပြောလာသည်။

"နင့်အဖေ လူမသတ်ခဲ့ရင်အကောင်းဆုံးပဲ ၊ သူသာ လူသတ်ခဲ့တယ်ဆိုရင် ၊ နင် ဒီဘ၀ကို ဘယ်လိုလူဆက်လုပ်မလဲဆိုတာ ငါကြည့်...."

ချူးယိ ဖုန်းချပစ်လိုက်သည်။

"အတူတူရှင်းကြမှာလား?"

ငွေသိမ်းဝန်ထမ်းက ဘေးကနေ မေးလာသည်။

"အင်း"

ချူးယိမှာ အသိပြန်ဝင်လာပြီး ၊ ကောင်တာပေါ်တင်ထားသည့် ပစ္စည်းများကို လှည့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"ငါ ငရုတ်ဆော့တစ်ပုလင်း ထပ်ယူဉီးမယ် ! "

ဟူပြောင်းက ငရုတ်ဆော့တစ်ပုလင်းကိုကိုင်၍ ပြောလာသည်။

"အရှက်နည်းနည်း ရှိပါဉီး"

ကျိုးချွမ်းရန်က ပြောလိုက်သည်။

"ခဏနေ မင်း ဒီငရုတ်ဆော့ကို အကုန်စားနိုင်မှ ထပ်ထည့်"

"ဘာမှမဖြစ်ဘူး"

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now