အပိုင်း၈၅[Z]

35 9 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၈၅

ချူးယိ၏ ဒီတစ်ချက် ကိုက်ခြင်းက ယမ့်ဟန်၏ လည်ချောင်းကို အတော်လေး ခြောက်ကပ်သွားစေသော်လည်း ၊ ဒီလမ်းတစ်လျှောက်လုံးမှာ မော်တော်ကားပြင်ဆိုင် ၊ မော်တော်ကားပစ္စည်းရောင်းဆိုင်များသာရှိ၍ လမ်းပေါ်တွင် လမ်းသွားလမ်းလာ အလွန်နည်းသော်လည်း ၊ အခုအခ်ျိန်၌ ဖြတ်သွားသည့် ကားတစ်စီးတစ်လေတောင် မရှိသော်လည်း ၊ ယမ့်ဟန်မှာ ချူးယိ၏ ဆံပင်ကို ဆွဲ၍ ချူးယိအား ခရီးသည်ထိုင်ခုံပေါ် သေချာထိုင်ခိုင်းလိုက်သည်။

ဒီလို ကားပေါ်လိင်ဆက်ဆံခြင်းမျိုးကို မကြာမကြာ ကြားဖူးနေသော်လည်း ၊ လမ်းမကြီးပေါ်တွင် ကားကိုလှုပ်ခါရဲသည့် သတ္တိမျိုး သူ့မှာ ရှိမနေပေ။

"မင်း ထွက်,ထွက်လာတဲ့ အချိန်တုန်းက ရေ,ရေချိုးခဲ့တယ် မဟုတ်လား?"

ချူးယိက လုံခြုံရေး ခါးပတ် ပတ်နေရင်း မေးလိုက်သည်။

"အရမ်းမွှေးနေတယ်"

"မဟုတ်ပါဘူး"

ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး "ငါ ကားရေဆေးပြီးလို့ ပြန်သွားကတည်းက ရေချိုးထားတာ ၊ ဟုတ်ပြီလား ၊ တစ်ကိုယ်လုံး ချွေးတွေကြီးပဲကို ၊ ငါက ထွက်လာမှ ရေချိုးရတဲ့အထိ တောင့်ခံနိုင်ပါ့မလား?"

"ငါတော့ ရေမ,ချိုးရသေးဘူး"

ချူးယိက ကိုယ့်ယူနီဖောင်းကို ဆွဲယူ၍ အနံ့ခံကြည့်လိုက်သည်။

"နံလား?"

"ကိုယ့်ဘာသာ အနံ့ခံကြည့်ပြီးပြီကို ၊ သူများကို လာမေးနေသေးတယ်?"

ယမ့်ဟန်က ပြောလိုက်သည်။

"ဘယ်လိုလုပ်မလဲ"

ချူးယိမှာ အတော်လေး စိတ်ဖိစီးသွားမိသည်။

"ငါ နံနေတယ်"

ယမ့်ဟန်မှာ ကားမောင်းနေရင်း ရယ်လိုက်မိသည်။လမ်းမ တစ်ဝက်လောက် ရောက်သည်အထိ ရယ်နေပြီး နောက်မှ ၊ ကားနောက်ခန်းကို ညွှန်ပြလိုက်ပြီး :

"မင်းအတွက် အင်္ကျီတစ်စုံ ယူလာခဲ့ပေးတယ် ၊ အရင်ဆုံး လဲဝတ်ထားလိုက်ပေါ့ ၊ ငါလည်း အခု မင်းကို မစားသေးပါဘူး ၊ အိမ်ရောက်မှ ရေချိုးလိုက်"

အကြွေစေ့လေးတစ်စေ့ [Completed]Onde histórias criam vida. Descubra agora