一个钢镚儿(A lucky coin)
အပိုင်း၁၄
အမေနှင့် ပတ်သတ်နှင့် ကိစ္စများကို ယမ့်ဟန်က ပထမဆုံး ကြားဖူးခြင်း ဖြစ်သော်လည်း ထိုကိစ္စများက အဖေ့စိတ်ထဲတွင် ဖိစီးနေသည်မှာ ဆယ်စုနှစ် တစ်စုစာပင် ကြာခဲ့လေပြီ။
အချိန်က အလွန်ကြာရှည်လှရာ ထိုကိစ္စအား ဘယ်လို အမူအရာ ဖော်ပြရမည်ကို သူလုံးဝ မသိတော့ပဲ အရက်ကိုသာ အဆက်မပြတ် သောက်နေလိုက်ပြီး နောက်ဆုံးတွင် စားပွဲပေါ် မှောက်၍ အိပ်ပျော်သွားခဲ့သည်။
ယမ့်ဟန်သည် စားပွဲဘေးတွင် ထိုင်နေပြီး စားပွဲပေါ်ရှိ ဟင်းပွဲများနှင့် အဖေNအရှေ့ရှိ ပြောင်သလင်းခါနေပြီဖြစ်သော အရင်ပုလင်းအား စိုက်ကြည့်ကာ အတွေးထဲ မျောနေမိသည်။
ဤ "စကားပြောခြင်း" မှာ အစအဆုံး နာရီဝက်ပင် မကြာလိုက်ပေ။
သို့သော် သူ့စိတ်ထဲမှာတော့ အတော်လေး ဗလာသက်သက် ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
သူ အမေသေသွားသည်ကို သိလေသည်။သို့သော် ဤလိုပုံစံဖြင့် သေသွားခဲ့သည်ဟု တွေးပင် မတွေးမိခဲ့ပေ။
ရုတ်တရက်ကြီး ၊ မည်သည့် ခုခံမှုမှ မရှိ ၊ စိတ်ထဲတွင် နည်းနည်းကလေးပင် ပြင်ဆင်ထားမှုမရှိပဲ ၊ ရုပ်ရှင်တွေ ထဲကလိုမျိုး ပစ္စည်း အလုခံရကာ မျက်နှာပင် သေသေချာချာ မမြင်လိုက်ရသည့် ဖြတ်သွားဖြတ်လာ တစ်ဉီး၏ လက်ဗွေပင် မကျန်ခဲ့ပဲ အကြောင်းအရင်းမရှိ အသတ်ခံခဲ့ရသည်။
အလွန်ရိုးရှင်းလှသည့် မတော်တဆမှု တစ်ခုပင်။
ဆယ်နှစ်ကြာသွားပြီးနောက်တွင် လူသတ်တရားခံ မဖမ်းမိသေးသည့် အမှုတစ်ခုအဖြစ်သာ မှတ်ယူလိုက်ကြပြီး ဆွေမျိုးသားချင်းမှလွဲ၍ ကျန်လူများက မှတ်မိကြတော့မည်မဟုတ်ပေ။
တစ်ခါတစ်ရံ သတိတရ ပြောဆိုကြပြီး ၊ မည်သူကမှ ကိုယ်တွေ့ ခံစားကြရမည် မဟုတ်ပေ။ဤကမ္ဘာမြေပေါ်၌ ထိုကိစ္စကြောင့် ဆယ်စုနှစ်တစ်ုခုကြာအောင် တိတ်တဆိတ် နာကျင်ခံစားနေရသည့် လူ ရှိနေသေးသည် ဆိုသည်ကိုပင်။
ထိုကိစ္စ ဖြစ်ပြီးနောက်တွင် သူ(ယမ့်ဟန်)သည် အဖိုးနှင့်အဖွားတို့၏ ခေါ်ဆောင်သွားခြင်း ခံရပြီး လေးနှစ်ပြည့်သည့်အချိန်ကျမှ အဖေ့ဘေးနား ပြန်ခေါ်လာခဲ့သည်ဟု အဖေက ပြောပြသည်။