အပိုင်း၃၅[Z]

63 20 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၃၅

အဆောင်အတွင်းထဲ၌ရော ၊ အဆောင်အပြင်ဘက်ကပါ တိတ်ဆိတ်သွားခဲ့ကြသည်။ချူး
ယိ စားပွဲပေါ် ဖိထားတာခံရသည့် သူသည်ပင် အသံထွက်ဖို့ မေ့နေလေသည်။ရန်ပွဲကို လာကြည့်ကြသည့်သူများကလည်း တစ်ပုံစံတည်း ကြောင်အနေကြသည်။

လူတိုင်း ဘာအသံမှ မထွက်လာကြပေ။

မိမိ၏ "ပြီးပြီလား" ဆိုသည့် စကားကြောင့် ဒီလိုရလဒ်မျိုးကို ဖြစ်ပေါ်လာသည်ကလည်း သူ့ကို အတော်လေး အံ့သြသွားစေသည်ပင်။

သို့သော်လည်း အနေရခက်မှုကတော့ ပျောက်ကွယ်မသွားသေးပေ။နောက်ထပ် စကားထပ်ပြောဖို့ လိုသေးလား ၊ မလိုတော့ဘူးလား ဆိုသည်ကို သူ မသိတော့ပဲ ၊ ပြောဖို့လိုသည်ဆိုလျှင်လည်း သူ ဘာဆက်ပြောရမလဲကို မသိ ဖြစ်နေမိသည်။

ဆယ်စက္ကန့်လောက် ကြာအောင် တောင့်တင်းနေမိကြပြီး ၊ လူအုပ်ထဲမှ တစ်ယောက်က လေတစ်ချက် ချွန်လာသည်။

ချူးယိ ဤအခွင့်အရေးကို အမိအရ ယူလိုက်ပြီး လက်ကို အမြန်ပြန်လွှတ်ပေးလိုက်သည်။

အခန်းထဲက လူများကလည်း ထိုအခါကျမှသာ လှုပ်ရှားမှုများ ပြန်ရှိလာကြပြီး ၊ ထရပ်သူက ထရပ် ၊ ဘောင်းဘီကို ခါသူက ခါနေကြသည်။

တစ်ဖက်က ခေါင်းဆောင်သူက ချူးယိအရှေ့ဆီ လျှောက်လာခဲ့သည်။

ထိုသူ၏ အရပ်မှာ ချူးယိထက် ပိုမြင့်သည်။ချူးယိအထင်တော့ ၊ ထိုသူမှာ ယမ့်ဟန်ထက်ပင် ခေါင်းတစ်ဝက်လောက် ပိုမြင့်လောက်သည်။လီဇီချန်၏ ညီ လီဇီဟောင်နှင့် ယှဉ်ရပ်လိုက်ပါက မတိမ်းမယိမ်းလောက် ရှိနိုင်သည်။

အာ။

လီဇီဟောင်ကို သတိရမိသွားရာ ၊ သူ ရုတ်တရက်ပင် နည်းနည်းလောက် ခံစားသွားရသည်။နွေရာသီအားလပ်ရပ် တစ်ခုသာ ရှိသေးသော်လည်း ၊ သူ၏ ထိုအတန်းဖော်များမှာ ၊ ဟိုးအဝေးကြီးက မှတ်ဥာဏ်ထဲတွင် ကျန်နေခဲ့သလိုပင်။

သူ ဘယ်အတန်းဖော်နဲ့မှ ခင်မင်ခဲ့တာမျိုး မရှိခဲ့ပေ။သူ့ကို အနိုင်မကျင့်ကြတော့တာနှင့် ၊ သူနှင့် သူ့ဘေးပတ်ပတ်လည်ရှိ အတန်းဖော်များ၏ နောက်ဆုံးသော ဆက်ဆံရေးလေးမှာ ပြတ်တောက်သွားခဲ့ရသည်။သူ့အတန်းဖော်များက သူ့ကို ထပ်ပြီး မှတ်မထားကြတော့ပေ။ထို့အပြင် ထိုအတန်းဖော်တွေအကုန်လုံး ဘယ်ကို ထွက်သွားကြသည်ကို သူလည်း မသိပေ။အခု ဘယ်လိုလုပ်......

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now