အပိုင်း၅၉[Z]

88 26 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၅၉

ချူးယိက လွယ်အိတ်ကို ဖွင့်လိုက်ပြီး ၊ ကျုံ့နိုင်ဆန့်နိုင်သည့် ပတ်တီးတစ်လိပ်ကို ထုတ်ယူလိုက်သည်။ဤပတ်တီးမှာ ဦးလေးကြီးက သူ့အားဆေးဆိုင်ဆီ ခေါ်သွားကာ ဝယ်ပေးထားခြင်းဖြစ်သည်။တော်တော်လေး အသုံးဝင်ပြီး ၊ တော်တော်လေးလည်း အဆင်ပြေလှသည်။

ဒီလိုပတ်တီးမျိုး ရှိသေးကြောင်းကို ခွေးအမှာ ပထမဆုံးအကြိမ် သိလိုက်ရသည်။

ဒီနှစ်ရက်တွင် သူ့ခြေထောက်က တော်တော်လေး ပြန်ကောင်းလာခဲ့သည်။လမ်းလျှောက်လျှင် မနာတော့သည့်အပြင် ရောင်လည်းမရောင်တော့ပေ။သို့သော်လည်း ဆေးတော့လိမ်းနေရသေးသည်ပင်။

ဖိနပ်နှင့် ခြေအိပ်ကို ချွတ်လိုက်ပြီး ၊ အငှားကားနောက်ခန်းတွင် ထိုင်နေရင်းဖြင့် ၊ ဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်ပါ် တင်လိုက်ကာ ၊ ခြေကျင်းဝတ်ပေါ်အား ပတ်တီးဖြင့် ဖြည်းဖြည်းချင်း တစ်ထပ်ချင်းစီ စည်းနှောင်လိုက်သည်။

ပတ်တီးဖြင့် စည်းနှောင်ပြီးသွားသည့် နောက်မှာတော့ ၊ သူ ဖိနပ်ကို ပြန်စီးလိုက်ပြီး တစ်ချက်စမ်းသပ်ကြည့်လိုက်သည်။တော်တော်လေး အဆင်ပြေသည်ပင်။တင်းတင်းကြပ်ကြပ် စည်းနှောင်ထားသည့် အပြင် အားကလည်း လုံလောက်သည်။

404 က ဟိုအုပ်စု၏ အခြေအနေကို ကြည့်ရသည်မှာ ၊ သူတို့(ချူးယိ)၏ နောက်လာမည့်နေ့ရက်များတွင် ထာဝရ ရန်သူတော်ကြီးများ ဖြစ်သွားတော့မည့်ပုံပေါ်သည်။

အမှန်တကယ်တော့ ထိုလူများကို ချူးယိ ကြည့်လို့မရပေ။ဖြစ်သမျှကိစ္စတိုင်းကို သူတို့ကပဲ စတာဖြစ်သည်။

စက်မှုသက်မွေးပညာကောလိပ်ကို လာတက်ကြရုံ ဖြစ်သော်လည်း ၊ လူတစ်ယောက်ချင်းစီတိုင်းမှာ ကျားနက်ဂိုဏ်းကို ဝင်လာနေသလိုပုံပေါက်နေသည်။

ပုံမှန်အချိန်ဆိုလျှင်တော့ ကိစ္စမရှိပေ။သူက အမြဲတမ်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးရန်တာဝန်ယူ၍ ထွက်ပေးခြင်းဖြစ်သည်။သူ့ကို ရန်စသည့်သူ မရှိလျှင် သူကလည်း ဘယ်သူ့ကိုမှ ရန်သွားစမည် မဟုတ်ပေ။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now