အပိုင်း၇၅[Z]

44 7 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၇၅

ဒီတစ်ညလုံး ယမ့်ဟန်မှာ အိပ်ရေးပျက်နေသည်။ပုံမှန်အိပ်ရေးပျက်သည့် အချိန်ဆိုလျှင် ချူးယိဘေးနားမှာ ရှိနေတာကြောင့် သူ တတ်နိုင်သမျှ မလှုပ်ရှားတတ်ပေ။သို့သော်လည်း ဒီနေ့ညတော့ ဂရုမစိုက်နိုင်တော့ပေ။အသံကို နားထောင်ရသလောက်တော့ ချူးယိလည်း သိပ်ပြီး အိပ်ပျော်ပုံ မရပေ။

ညသန်းခေါင်း အချိန်ရောက်သည်အထိ သူတို့နှစ်ယောက် စကားပြောနေကြဆဲပင်။သို့သော်လည်း ဘာတွေပြောခဲ့ကြမှန်းကို မိုးလင်းလာသည့် အချိန်တွင် ယမ့်ဟန် မမှတ်မိတော့ပေ။တစ်ခါတစ်လေဆို ညများက ဒီအတိုင်းပင်။အိပ်မပျော်မှန်း သိနေသော်လည်း ဒီတစ်ညလုံး ဘယ်လိုကုန်ဆုံးသွားခဲ့မှန်း မသိပေ။

ချူးကျန့်ရှင်း အဖမ်းခံလိုက်ခြင်းက ၊ အတွင်းစိတ်ကို တည်ငြိမ်နေအောင် ထိန်းသိမ်းထားခဲ့သည့် ယမ့်ဟန်အတွက်တော့ "တည်ငြိမ်နေသည့် မြစ်ရေထဲသို့ ကျောက်ခဲတစ်လုံး ပစ်ပေါက်လိုက်သည်" ဆိုသည့် ဒီလိုစကားမျိုးနှင့် ဖော်ပြဖို့ မဖြစ်နိုင်ပေ။ဤသည်မှာ အနည်းဆုံးတော့ အုတ်ခဲနှင့် ပစ်ပေါက်လိုက်ခြင်းပင်။

တစ်စုံတစ်ယောက်သောချူးက သတ္တိနှင့် အတွေ့အကြုံ မရှိတာကြောင့် ၊ သိပ်မကြာမီ အချိန်အတွင်း အဖမ်းခံမည်ကို သူ သိသည်ပင်။အထူးသဖြင့်....သူ တစ်စုံတစ်ယောက်သော ချူးကို တွေ့လိုက်မိသည်ဟု ရဲတွေကို ပြောပြထားပြီးသည့် အခြေအနေမျိုး၌ပင်။

သို့သော်လည်း လူကို ဖမ်းမိသွားသည့် နောက်တွင် ၊ ကိစ္စအများစုက တစ်ဖြည်းဖြည်း သိသာလာမည်ပင်။အဖေ ဒီကိစ္စထဲတွင် ပါဝင်ခဲ့သည့် နေရာက အရမ်းကို သိသာထင်ရှားလာလိမ့်မည်။သူ ကြောက်နေမိသည်မှာ ထိုအမှန်တရားကိုပင်။

အမှန်မှာတော့ သူလည်း ချူးယိနှင့်အတူတူပင်။တစ်ဖက်က သိချင်နေသော်လည်း ၊ တစ်ဖက်မှာကျပြန်တော့ သိရမှာကို ကြောက်နေမိပြန်သည်။

မနက်အိပ်ရာထသည့် အချိန်တွင် ချူးယိ၏ မျက်လုံးတစ်ဝိုက်က နည်းနည်း မည်းနေသည်။အိပ်ရေးပျက်နေကျ မဟုတ်သည့်သူက တစ်ခေါက်လောက် အိပ်ရေးပျက်လိုက်ရုံဖြင့် အရမ်းကို သိသာလှသည်။မိမိက ကြည့်လိုက်လျှင် ချူးယိက အများကြီး ကြံ့ခိုင်နေပုံ ပေါက်နေသည်ဟု ယမ့်ဟန် တွေးလိုက်မိသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Where stories live. Discover now