一个钢镚儿(A lucky coin)
အပိုင်း၂၈
ချူးယိမှာ လက်ဝှေ့စင်ပေါ် လဲကျသွားသည့်အချိန်မှသာ အသိပြန်ဝင်လာခဲ့သည်။နည်းပြဟယ်ပြောလိုက်သည့် "တန်း" ဆိုသည်မှာ ပြိုင်ပွဲအဖွင့်ကို ဆိုလိုခြင်းပင်။
"စက္ကန့်ရေ စက္ကန့်ရေ"
နည်းပြဟယ်က အကာနား ပြေးကပ်လာသည်။
စက္ကန့်ရေရမယ်?
ပြိုင်ဘက် ဖက်က အနားလာပြီး စက္ကန့်ရေလာခ်ျိန်တွင် ၊ ချူးယိ အမြန်ပင်ခုန်ထလိုက်သည်။
ယွဲ့ယွဲ့ကတော့ စိတ်ကြီးဝင်နေသည့် မျက်နှာအမူအယာနှင့် ရှိနေဆဲပင်။တံမြက်စည်းလှည်းသူအား လက်သီးတစ်ချက်ဖြင့် လဲကျသွားအောင် ထိုးလိုက်နိုင်၍ အောင်မြင်သွားသလို ခံစားချက်မျိုး ရနေပုံပေါ်သည်။အကြည့်များက အထင်သေးနေသလိုပင်။
"အရှိန်ကို ဂရုစိုက်"
နည်းပြဟယ်က ဘေးနားကနေ ပြောလာသည်။
အရှိန်?
ဘာအရှိန်လဲ?
သူ အရင်ကတည်းက အရှိန်နဲ့ လှုပ်ရှားမှုကို မလေ့ကျင့်ခဲ့ဖူးပေ။
ခြေထောက်ကန်တဲ့ အရှိန်များလား?သူ နေ့တိုင်း သဲအိတ်ကို ကန်သည်ပင် ...
တံမြက်စည်းလှည်းသူ ဖြစ်တာကြောင့် ၊ လှုပ်ရှားမှု အားလုံးလိုလိုက တံမြက်စည်းလှမ်းရင်း တွေးမိလာတာဖြစ်နိုင်သည်။
ယွမ်500တောင် ၊ ယွမ်500လေးပဲ မဟုတ်ပေ။အရမ်းများသည့် ယွမ်500ပင်။
"တန်း!"
နည်းပြဟယ်က ထပ်အော်လာပြန်သည်။
ဒီတစ်ကြိမ်မှာတော့ ချူးယိ ထပ်ပြီး တုံ့ဆိုင်းမနေတော့ပေ။သို့သော်လည်း တကယ်တိုက်ခိုက်သည့် အတွေ့အကြုံ တစ်ခါမှ မရှိဖူးရာ ၊ ယွဲ့ယွဲ့က သူ့အား နောက်တစ်ခေါက်လက်သီးဖြင့် လှမ်းထိုးလာသည့် အချိန်၌ ၊ အလျင်အမြန် လက်ကိုမြှောက်၍ ကာရုံသာကာလိုက်နိုင်သည်။
အမှန်တော့ ခုနက "တန်း" ဆိုသည်ကို သူ ဘာမှန်းမသိတာကြောင့် တုံ့ဆိုင်းသွားတာမျိုး မရှိဘူး ဆိုလျှင် ၊ ပထမ လက်သီးထိုးချက်ကိုလည်း သူ သေချာပေါက် ကာလိုက်နိုင်မှာပင်။သူ တကယ်အစစ်အမှန် လက်ဝှေ့ထိုးသည့် အတွေ့အကြုံ မရှိဖူးသော်လည်း ၊ လက်သီးဖြင့် ထိုးခံရသည့် အတွေ့အကြုံကတော့ အလွန်များလှသည်။