一个钢镚儿(A lucky coin)
အပိုင်း၂၅
ယမ့်ဟန် အဖေနဲ့အတူ နေရာအတော်များများကို သွားခဲ့ဖူးသည်။သို့သော်လည်း လေယာဉ်စီးတာကတော့ ဒါက ပထမဆုံး အကြိမ်ပင်။
အဖေက အမြင့်ကြောက်သည်။အရင်က သူ့ကိုခေါ်ပြီး ရဟတ်သွားစီးရာ ၊ အမြင့်တစ်ဝက်ရောက်သည့် အချိန်၌ သူက ဘာမှတောင် မခံစားရသေးပဲ ၊ အဖေက နောက်ဆုံး အမှာစကား ပြောတော့မည့် ပုံလိုဖြစ်နေလေပြီ။
ယမ့်ဟန် ရယ်လိုက်မိသည်။
လေယာဉ်က မပျံသန်းသေးပေ။နေရောင်ဖြာကျမှုကြောင့် ဖြူဖွေးနေသည့် အပြင်ဘက်ရှိ ကြမ်းပြင်ကိုကြည့်၍ သူ အတွေး ပျံ့လွင့်နေမိသည်။
"သိုးမွှေးစောင်ရှိလား?"
ချွေးယိက မေးလာသည်။
"တစ်နာရီခွဲလောက်ကြာအောင် စီးရမှာ ၊ မင်း ခဏလောက် အိပ်လို့ရတယ်"
"တစ်နာရီခွဲ ၊ သုံးခေါက်လောက် ခေါက်သွားခေါက်ပြန် လုပ်ရင်တောင်မှ အိပ်ချင်စိတ်နည်းနည်းလောက် ဖြစ်လာရင် အဲ့ဒါထူးဆန်းနေလို့ပဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော် ခဏလောက် ငေးနေလိုက်ရင်ကို ရပြီ"
"ဉီးလေး မင်းအတွက် ဆရာဝန်နဲ့ ဆက်သွယ်ပေးထားတယ်"
ချွေးယိက ပြောလာသည်။
"ဟိုနေရာကို ရောက်သွားရင် ၊ မင်း တစ်ပတ်လောက် ကောင်းကောင်းအနားယူ ၊ ပြီးရင် စကားသွားပြောကြည့်လိုက်"
"အင်း"
ယမ့်ဟန် ခေါင်းညိတ်ပြလိုက်သည်။
"ဉီးလေးက မင်း ငြင်းမယ် ထင်နေတာ"
ချွေးယိက ရယ်လိုက်ပြီး
"ဒီလေါက်တောင် စကားနားထောင်တယ်"
"ကောင်းမယ့်ကိစ္စကို ဘယ်သူက သဘောမတူပဲ နေပါ့မလဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော်လည်း တကယ် သေချင်နေတာမှ မဟုတ်တာ"
ချွေးယိက ဘာမြှပန်မပြောပဲ ၊ သူ ပခုံးကိုသာ ပုတ်လာသည်။
ဒီနေ့ လေယာဉ်က နာရီဝက်လောက် နောက်ကျသော်လည်း ၊ မြန်သည်ဟု ပြော၍ ရသည်ပင်။