一个钢镚儿(A lucky coin)
အပိုင်း၅၁
ယမ့်ဟန်၏ လက်က အတော်လေး ပိန်သွယ်လှသည်။သို့သော်လည်း ဒီလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် အချိန်မှာတော့ ၊ သူ့လက်ချောင်းများ၏ အားအင်ကို ခံစားလို့ရနေသည်။
မိမိ၏ ချက်ချင်းလက်ငင်းကြီးဖြစ်သွားခဲ့သည့် စိတ်အခြေအနေနှင့် ခံစားချက်များကို ချူးယိမှာ ကိုယ့်ဘာသာပင် မဝေခွဲနိုင်တော့ပေ။ယခုအချိန်တွင် မိမိလည်း တစ်ပုံစံတည်းတူညီသည့် သံသယမေးခွန်း ရှိနေသင့်သည် ဆိုတာကိုသာ သူသိတော့သည်။
"ဘာဖြစ်လို့လဲ?"
ယမ့်ဟန်က မေးလာသည်။
ဟုတ်သားပဲ ၊ ဘာဖြစ်တာလဲ?
ချူးယိမှာ မျက်လွှာချ၍ ယမ့်ဟန်၏ လက်ကို ကြည့်လိုက်မိသည်။ဖြစ်ပေါ်နေသည့် အခြေအနေကို ထိန်းညှိရန်အတွက် သူ ယမ့်ဟန်လက်ကို မလွှတ်ပေးသေးပဲ ၊ ညှစ်လိုက်သည်။
ပြီးနောက်မှာတော့ စကားတစ်ခွန်း ပြောလိုက်သည်။ :
"လု,လုယက်တာလေ"
"သူရဲကောင်းကြီး အသက်ကိုချမ်းသာပေးပါ"
ယမ့်ဟန်က ပြောသည်။
"ပိုက်ဆံအိတ်က အိတ်ကပ်ထဲမှာပါ"
ချူးယိက လက်ကိုလွှတ်ပေးလိုက်ပြီး ၊ ယမ့်ဟန်၏ အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို ဆွဲထုတ်ယူ၍ ဖွင့်ကာ ကြည့်လိုက်သည်။
ယမ့်ဟန်၏ ပိုက်ဆံအိတ်က သူ့(ယမ့်ဟန်)အခန်းနှင့် တစ်ပုံစံတည်းပင်။အရမ်းကို ရိုးရှင်းပြီး ရှင်းလင်းလွန်းလှသည်။ပိုက်ဆံအိတ်ထဲတွင် ပိုက်ဆံရာတန်အချို့နှင့် ကဒ်နှစ်ကဒ်က လွဲလျှင် ၊ တစ်ခြားပစ္စည်းမှ မရှိပေ။
"ဒီပစ်,ပစ္စည်းလေး နည်းနည်းလောက် အတွက်နဲ့"
ချူးယိက ပြောလိုက်သည်။
"ပိုက်,ပိုက်ဆံအိတ်သုံးနေသေးတယ်"
".....မင်းအထင် တစ်ခြားဘာပစ္စည်းတွေ ထည့်ထားသင့်တယ်လို့ ထင်လဲ"
ယမ့်ဟန်က ကားကိုမောင်း မောင်းထွက်လိုက်ပြီး
"မင်းတောင်မှ ရေသောက်ချင်ရင် အခ်ျိုရည်ဘူးကို ယူသောက်နေတာကို"