အပိုင်း၇၆[Z]

38 8 0
                                    

一个钢镚儿(A lucky coin)

အပိုင်း၇၆

ဆက်ဆံရေး အကြောင်းကို ချူးယိ တွေးပင်မတွေးဖူးခဲ့ပေ။မေးလည်း မမေးကြည့်ရဲချေ။အခေါ်အဝေါ်ဆိုသည့် ဒီလိုအကြောင်းအရာမျိုးကို ပိုလို့ပင် မတွေးကြည့်ခဲ့ဖူးပေ။အခု ဒီလိုအခြေအနေက အရမ်းကို ကောင်းနေပြီဟု ထင်မိသည်။အခုအချိန်အထိ ဖြတ်ကျော်လာခဲ့ရသည့် အတွေ့အကြုံများအရ ၊ ဘယ်ကိစ္စမဆို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ လိုအပ်သည်ပင်။

သို့သော်လည်း မျှော်လင့်ချက် နည်းနည်းလေးမှ မရှိဘူးဟု ပြောဖို့ကလည်း မသေချာပြန်ပေ။သူ တစ်ခါမှ မစဉ်းစားခဲ့သည့် ရှု့ထောင့်တစ်နေရာတွင် ၊ သေချာပေါက် မျှော်လင့်ချက် ရှိနေသည်ပင်။ထိုသို့မဟုတ်ပါက ယမ့်ဟန်၏ ရိုးရှင်းလှသည့် ဒီစကါးလုံး သုံးလုံးကြောင့် သူ ဝိဥာဉ်လွင့်ထွက်သွားပြီး ၊ အခွံသာ ကျန်ရှိတော့သည့် ပြီးပြည့်စုံလှသော နွားနို့အိုးခ်ျိတ်သည့် ထောက်တိုင်တစ်ခုလို ဖြစ်သွားမှာ မဟုတ်ပေ။

နွားနို့က ထည့်လို့ မပြီးသေးပေ။ထောက်တိုင်က မလှုပ်တော့တာကြောင့် အိုးက အလုံအလောက် မစောင်းတော့သောကြောင့်ပင်။

ယမ့်ဟန်က ခဏလောက် စောင့်ကြည့်နေလိုက်သေးသည်။ချူးယိက နွားနို့ ထပ်လောင်းထည့်တာ မတွေ့တော့တာကြောင့် ထိုဖန်ခွက်တစ်ဝက်စာ နွားနို့ခွက်ကို လှမ်းယူ၍ တစ်ငုံသောက်လိုက်သည်။

သို့သော်လည်း ချူးယိက အခုမှ ရုတ်တရက် အသိပြန်ဝင်လာပြီး ၊ နွားနို့ထည့်နေတာ မပြီးသေးမှန်း သတိရသွားရာ ၊ အိုးကိုစောင်း၍ ကျန်နေသေးသည့် နွားနို့များကို ကောင်တာပေါ် လောင်းချလိုက်သည်။

သူ ပြာယာခတ်စွာဖြင့် ကောင်တာပေါ်ရှိ နွားနို့များကို သုတ်နေချိန်တွင် ၊ ယမ့်ဟန်က အနောက်ကနေ သက်ပြင်းဖွဖွ ချလိုက်ပြီး :

"မင်းတို့ ရှန်းကျဲက မင်းလိုပုံစံကို သည်းခံနိုင်တယ်ဆိုတာ သေချာရဲ့လား?"

"အမှန်တော့ သူ စောင့်ကြည့်ကင်မရာကို မကြည့်,ကြည့်တတ်ဘူး"

ချူးယိက ပြောလိုက်သည်။

အကြွေစေ့လေးတစ်စေ့ [Completed]Wo Geschichten leben. Entdecke jetzt