ဖောင်ကိုပြီးသွားတဲ့ချိန်ရောက်တော့ ညနေတောင်စောင်းရောမယ် မြန်မြန်ပဲ ဖောင်ကိုရေထဲချ ပစ္စည်းတွေတင်ပြီး ဟိုဘက်ကမ်း ကူးတော့ ဟိုဘက်ကိုတည့်မကူးလို့မရပဲ မျောကူးနေရသည်။
မြစ်လယ်နည်းနည်ကျော်မှ အခြေအနေကရုတ်တရက်ပြောင်းသွားသည် အလင်းထင်တဲ့အတိုင်းပဲ ဝဲပေါ်လာသည် သတိထားမိသည့်အချိန်မှာပဲ ဝဲကအတော်တော်ကြီးလာပြီး ဘေးအနားကအရာတွေ ဆွဲနေတော့သည်။
ကူးမားနဲ့ ဗညားတို့လည်း ဝဲနားမရောက်အောင် ထိန်းရင်းပင် ဖောင်က မြစ်အောက်က သစ်ငုတ်ကိုတိုက်မိပြီးအကုန်ဟန်ချက်ပျက်ကာ ဖောင်ကွဲပြီး လူတွေလည်း တစ်ကွဲတစ်ပြားစီ လွင့်ထွက်သွားသည်။
အလင်းလည်း ရေထဲလွင့်ကျသွားသည်။
ရေကူးကျွမ်းကျင်သူဖြစ်ပါသော်လည်း လွယ်ထားသည့် ေကျာပိုးအိတ်ဝိတ်ကြောင့် လွတ်လွတ်လပ်လပ်ကူးမရ ရေစီးအတိုင်း လူကပါနေပြီး လိုရာမရောက် တဖြည်းဖြည်း အသက်ရှူကြပ်လာသည်။
အလင်းသတိထားမိလိုက်တာက ရေတံခွန်တစ်ခုပေါ်ကနေ ပြုတ်ကျလာတာပဲ အဲ့နောက်ဘာမှသတိမရတော့ပါ။
မျက်နှာကို ရေစက်တွေလာလာစင်နေတာကြောင့် အလင်း မျက်လုံးကိုဖွင့်ကြည့်လိုက်မိသည် ဘေးနားပတ်ပတ်လည် သစ်ပင်တွေမို့ တောထဲပဲဟုတွေးလိုက်သည်။
ရေတံခွန်ပေါ်က ပြုတ်ကျလာတောင် မသေ၍ကံကောင်းသည်ဟုဆိုရမည်။
ကူမားတို့ ကံသစ်တို့ တိုးမောင်တို့လည်း ဘယ်သောင်ကမ်းဆိုက်နေလဲမသိ တစ်ချိန်ချိန်တော့ ပြန်တွေ့မှာပါဟု တွေးရင်း မတ်တပ်ရပ်ဖို့ ထလိုက်တော့ ဘယ်ဘက်ပေါင်က ဆစ်ကခနဲ့ နာသွားသည်။
ရေထဲကျတုန်း ခိုင်းမိတာဖြစ်မယ်ထင် ပေါင်မှာ လေးလက်မလောက်ရှိသည့် ခြစ်ရာကိုတွေ့ရသည်။
သူနဲ့ခပ်လှမ်းလှမ်းမှာ အလင်းကျောပိုးအိတ်နဲ့ ရိုင်ဖယ်သေနတ် ကျောပိုးအိတ်ဆီရောက်ဖို့ အားတင်းသွားရသည်။
ကျောပိုးအိတ်က ရေလုံမို့ အထဲကပစ္စည်းတွေရေစိုမှာစိတ်မပူပါ။
ဆေးသတ္တောအသေးစားထဲက ပစ္စည်းတွေထုပ် ဆေးထည့်ပြီး ပတ်တီးစီးထားလိုက်သည်။
ထိုချိန် အလင်းနောက်က သစ်ပင်ကနေ အသံတစ်ခုကြားလိုက်သည်။
လက်ကလည်း အမြန် သေနတ်ကိုကောက်ကိုင်ပြီး အသံလာရာဘက်ကို ချိန်ထားလိုက်သည်။
တောကောင်တော့မဖြစ်နိုင် တောကောင်ဆို သူသေတာကြာနေပြီ
"ဘယ်သူလဲ "
"သစ်ပင်နောက်က ထွက်ခဲ့"
အတော်လေးကြာမှ သစ်ပင်နောက်ကနေ အရိပ်လေးတစ်ခုထွက်လာတယ်
အလင်း အံ့သြသွားသည် ထွက်လာတာက မိန်းကလေးတစ်ယောက် ပြီးတော့ ဝတ်တဲ့ အဝတ်စားတွေက အလင်းတို့နဲ့မတူ ရှေးခေတ်က ဝတ်တဲ့အဝတ်စားပုံစံမျိုး ချိန်ထားတဲ့သေနတ်ကိုအောက်မချသေးပါ
ထိုမိန်းကလေးကို မယုံရဲသေး ဒီလိုတောလယ်ခေါင်ထဲ မိန်းကလေးတစ်ယောက်ရှိနေတယ်ဆိုတာ မဖြစ်နိုင် ဝတ္ထုထဲကလို သူယောင်မယ်လားလို့တောင် ကြောင်တောင်တောင်တွေးမိသေးတယ်။
"ဒီမှာရှင့်"
ထိုမိန်းကလေးဆီကနေ အသံထွက်လာသည်
"မောင်ကြီးက ဘယ်အရပ်ကနေလာခဲ့တာလဲ"
"မြတ်စွာဘုရား "
ဘယ်လိုကြီးမေးလိုက်တာတုန်းဟ
"မန္တလေးကနေ လာတာပါ ဒီနေရာက ဘာနေရာလဲ""ပုဏ္ဏမီတို့ရွာက ဂင်္ဂါရွာလေ ေစဝတ္တရာပြည်ရဲ့ အစွန်အဖျားကရွာလေးပါ"
"ဟမ် စေဝတ္တရာပြည် ဟုတ်လား"
"ဟုတ်တယ်"
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ