"ဘုန်း" ဆိုတဲ့အသံနဲ့အတူ အင့်ဆိုတဲ့အသံကတဆက်တည်း ထွက်လာသည်။ အလင်းဒေါသထွက်ထွက်နဲ့ကြည့်လိုက်တော့ အမွှေစိန်မ
"မင်းဘာလုပ်တာလဲကွ"
"အောင်မယ် ရှင်က ကျမကို အရင်ဝင်တိုက်တာလေ ရှင့်မျက်စိမပါဘူးလား။ လူပုံကိုက ခိုးကြောင်ခိုးဝက်နဲ့ဝင်လာပြီးတော့။"
"ဟေ့ မင်းထင်ရာတွေစွတ်မပြောနဲ့ကွ ငါဘာသာလာနေတာ မင်းဝင်တိုက်တာကွ"
"တော် တော် ကျမရှင်နဲ့စကားပြောရတာမောတယ် သွားမယ် လူပုံကိုကတွေ့လိုက်တိုင်း အချိုးမပြေဘူး"
အလင်းကိုပွစိ ပွစိရေရွတ်ရင်း ဘောက်ဆက်ဘောက်ဆက်နဲ့ ထွက်သွားတော့သည်။ ခိုးပြန်လာပါတယ်ဆိုကာမှ ဒင်းနဲ့လာတိုးနေရ သက်ပြင်းတစ်ချက်ချရင်း အဆောင်ထဲသို့အဝင်
မြတ်စွာဘုရား ကယ်တော်မူပါ
အဆောင်ထဲကထိုင်ခုံပေါ်မှာထိုင်ရင်း အလင်းကိုမျက်မှောင်ကြုံကာကြည့်နေသည့် အရှင်မကိုတွေ့တော့ အလင်းနည်းနည်းကျောချမ်းသွားသည်။ ကိုယ်ဟန်ဖို့အနေနဲ့သွားလေးဖြဲပြရင်း အချစ် ဘယ်ချိန်ကတည်းကရောက်နေတာလဲ။
"တော်စမ်း မင်းဘယ်တွေသွားပြီး ဘာတွေလုပ်နေလို့ အဆောင်ကနေပျောက်နေရတာလဲ ပြောစမ်း"
မျက်နှာထားတင်းတင်းနဲ့မေးနေသည့် အရှင်မကြောင့် ဖြဲထားတဲ့ ပါးစပ်လေးကိုအသာပိတ်ရင်း ထိုင်နေတဲ့ အရှင်မနား ဒူးလေးထောက်ကာထိုင်ရင်း
"မောင် ကိုဝသုန်တို့ရွာ အလည်လိုက်သွားတာပါ အချစ်ကိုပြောသွားချင်ပင်မဲ့ အချစ်က အလုပ်တွေ အရမ်းရှုပ်နေလို့လေ အဲ့ကြောင့် မောင်အချစ်ကိုမပြောပဲသွားလိုက်မိတာ မောင်တောင်းပန်ပါတယ် အချစ်ရယ် နော်လို့"
လုပ်ချင်ရာလုပ်ပြီးမှ နန္ဒာနားကြောင်ပေါက်လေးတစ်ကောင်လို ကပ်ကာချွဲနေသည့် ဒီလူသားလေးကြောင့် နန္ဒာမှာ ကြာရှည်အောင်မျက်နှာထားမတင်းနိုင်ရှာပေ။
"ကဲ တော်ပြီ လုပ်ချင်ရာ လုပ်ပြီးမှ ခုမှလာချွဲမနေနဲ့ နောက်ခါမင်းဘယ်နေရာသွားသွား ငါကိုပြောပါ မြတ်မာန် ဒီတစ်ခါတော့ ငါ ခွင့်လွှတ်လိုက်မယ်။"
"ဟုတ်ကဲ့ပါ မောင့်အချစ်ရယ် မောင် အချစ်ကို အရမ်းချစ်တယ်နော်"
ချစ်ရသူက လက်ကလေးကိုဆွဲယူကာ ပါးမှာကပ်၍ မျက်လုံးချင်းဆုံကာကြည့်ရင်းပြောတော့လည်း
ဒီမိန်းမမှာ ကြာကြာစိတ်မတင်းထားနိုင်တော့ပဲ ခေါင်းလေးသာဖွဖွပွတ်ပေးကာ ပြုံးနေရတော့သည်။
"အချစ်"
နန္ဒာပေါင်ပေါ် ခေါင်းအုံးအိပ်နေရင်း အမောင့်ရဲ့ ခေါ်သံကြောင့်
''ပြောလေကွယ်"
"ဒီနေ့ည မောင့်အနားနေပါလား အချစ်"
နန္ဒာသက်ပြင်းဖွဖွချရင်း "ဒီနေ့ညဦးပိုင်းမှာ ကိစ္စလေးတစ်ခုစစ်ဆေးစရာရှိတယ်ကွယ့်"
"အင်းပါ အချစ်မအားရင်လည်းရပါတယ် ဒါမဲ့ နောက်ရက်တော့ မောင့်ကို အချိန်ပေးမယ်မို့လား"
"သေချာတာပေါ့ ရှင်ရယ် "ဟုဆိုကာ အလင်းရဲ့ နဖူးလေးကို ဖွဖွလေးရိုက်ကာ ရယ်ရင်းပြောတော့
"အချစ်က ရယ်လိုက်ရင် သိပ်ချစ်ဖို့ကောင်းတာပဲ မောင်ဘယ်နားဖွက်ထားရမလဲ"
အနားကပ်ကာ ကြောင်ပေါက်လေးလိုချွဲနေသည့် ဒီချစ်ရသူကြောင့် နန္ဒာမှာ အသည်းယားနေရသည်။
သီရိနန္ဒာတစ်ယောက် အလင်းအဆောင်မှအပြန် မိမိအဆောင်ကိုတန်းမပြန်သေးပဲ တစ်နေရာရာကိုဦးတည်ကာ သွားနေသည်။ ထိုနေရာကား ရာဇဝတ်သားတို့ ချုပ်ထားရာ အကျဥ်းထောင်ပင်။ အချုပ်ခန်းအပေါက်ဝရှိ အစောင့်များက နန္ဒာကိုမြင်တော့ အရိုသေပေးကြသည်။ နန္ဒာရဲ့ကိုယ်ရံတော်က အနားရောက်လာကာ
"အရှင်မ ကျွန်တော်မျိုး ရှေ့ကနေလမ်းပြပါ့မယ်"
နန္ဒာခေါင်းတစ်ချက် ငြိမ့်ပြကာ အနောက်ကလိုက်ခဲ့သည်။
အကျဥ်းသားတွေနဲ့အတော်ဝေးတဲ့ အချုပ်ခန်းတစ်ခုထဲမှာတော့ လူတစ်ယောက် နန္ဒာတို့ဘက်ကိုကျောပေးကာလှဲအိပ်နေသည်ကိုတွေ့ရသည်။
"ဟေ့ ထစမ်း "
ကိုယ်ရံတော်တစ်ယောက်ကလေသံမာမာနဲ့ အော်လိုက်တော့ တစ်ဖက်စောင်းအိပ်နေတဲ့သူက နန္ဒာတို့ဘက်ကိုလှည့်လာသည်။
နန္ဒာ့ကို မြင်တော့ ထိုလူကနေမဲ့ပြုံးလေးတစ်ချက်ပြုံးကာ
"ဘုရင်မကြီးကိုယ်တိုင်ကြွချီလာတာပါလား ကျွန်တော်မျိုး အရိုအသေပေးပါတယ်"ဟု ခပ်ထေ့ထေ့စကားနဲ့ ပြောလေတော့သည်။
****************************************************************************
သိပ်ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်ဗျာ သိပ်မကြာခင်ပဲ အဆုံးသတ်ထိ တင်ပေးပါ့မယ်ဗျ
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ