Part 14

296 33 6
                                    

တဖြည်းဖြည်း မြင်းကိုနှင်ရင်း တောအုပ်ကလေးကို ကျော်ဖြတ်လာသည်။ အလာတုန်းကထက်ပင် အရာအားလုံးကတိတ်ဆိတ်နေသယောင်.......အနည်းငယ်မှောင်ရီသန်းစပြုနေပြီမို့ အလင်း မြင်းကိုအရှိန်တင်လိုက်သည်မို့ ရင်ခွင်ထဲက မိန်းမပျိုက အလင်းအင်္ကျီစကို အလန့်တကြားဆုပ်ကိုင်လိုက်ပြီး မော့ကြည့်လာသည်။ အလင်းလည်း ပြန်ပြုံးပြရင်း ​"မှောင်နေပြီ အရှင်မရဲ့ နန်းတော်ကိုအမှီပြန်မှဖြစ်မယ်"
ထိုစဥ်........

"ဝှစ်"ဆိုသည့်အသံနှင့်အတူ မြားတံက သစ်ပင်မှာသွားစိုက်သည်။

"အ"အသံနှစ်ခုဟာ အချိန်သိပ်မကွာပဲ ထွက်လာသည်။ အလင်းမြင်းကို တစ်ချက် အလျှင်အမြန်ထိန်းလိုက်ပြီး ပတ်ဝတ်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။ မြားဟာ လက်မောင်းကိုရှပ်ထိသွားတာမို့ သိပ်မမှုမနေပဲ သတိကပ်ကာ အသင့်အနေအထား​ပြင်လိုက်သည်။ သစ်ပင်ပေါ်နဲ့ အနီးနားကခြုံတွေကနေ မျက်နှာမှာ ပုဝါစီးထားတဲ့ လူတစ်ချို့ထွက်လာသည်။ လက်နက်တွေလည်းပါတာမို့ မိတ်ဆွေတော့မဖြစ်နိုင်။ဓားပြတွေများလား။

ထိုအထဲမှ လူတစ်ယောက်နေ

"အသက်မသေချင်ရင် မြင်းပေါ်က ကောင်မလေးကိုထားခဲ့ပြီး ထွက်သွားလိုက်တော့"

အလင်းမြင်းပေါ်ကနေဆင်းကာ" ဒီမိန်းကလေးကို လိုချင်ရင် ကျုပ်ကိုကျော်နိုင်မှရမယ်" ဟုဆိုကာ အသင့်ပြင်လိုက်သည်။

အရှင်မကလည်း မြင်းပေါ်က ဆင်းလာကာ အနားရောက်လာသည်။

"ဒါဆိုလည်း မင်းဆန္ဒတွေဖြည့်ပေးရတာပေါ့ကွာ" ဆိုပြီး ဓားနဲ့ ဝင်ပိုင်းလာသည်။ အရှင်မကို ဘေးကိုတစ်ချက်တွန်းပို့ရင်း ဝင်လာတဲ့ လူရဲ့ လက်တစ်ဖက်ကိုပုတ်ချကာ ကိုယ်ကိုတစ်ဖက်ယိမ်းရင်း မေးဖျားကို ​ဖြောင့်လက်သီး တစ်ချက်သွင်းလိုက်သည်။

ဓားလွတ်ကျသွားတဲ့အချိန် အရှင်မက ဓားကိုကောက်ရင်း တစ်ခြားသူတွေနဲ့ တိုက်ခိုက်နေသည်။ တိုင်းပြည်ရဲ့ ဘုရင်မပေပဲ ဒီလောက်ကတော့ ကျွမ်းနေရမှာပေါ့။ အရှင်မနဲ့ ကျောချင်းကပ်အနေထားနဲ့ ရန်သူတွေမှာလည်း အလင်းတို့နှစ်ယောက်ကိုဝိုင်းကာ အလစ်ချောင်းနေကြသည်။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now