Part 1

1K 33 1
                                    

ပဲခူးရိုးမရဲ့ တောတွင်းတစ်နေရာမှာ လူတစ်စုတဖြည်းဖြည်းချင်း ချင်းနင်းဝင်ရောက်လာတယ်။

အားလုံးပေါင်း ခုနှစ်ယောက်အနက် နှစ်ယောက်က လမ်းပြဖြစ်မယ်ထင်ရသည်။

ကျန် ငါးယောက်ကတော့ ရိုင်ဖယ်သေနတ်နဲ့ တောတွင်းသုံးကျောပိုးအိတ်ကြီးတွေကိုလွယ်ထားကြတယ်။

သူတို့အားလုံးရဲ့မျက်နှာမှာတော့ တစ်စုံတစ်ခုကို လိုက်ရှာနေသည့်ပုံ

"ကံသစ်"

"ဗျာ ဆရာ"

"မင်းလမ်းပြနှစ်ယောက်ကိုမေးပါဦး ဒီတစ်သက်ရောက်ပါဦးမလားလို့ "

"ဟုတ်ကဲ့ သူတို့က ဒီညနေမတိုင်ခင် ရောက်မယ်လို့ပြောပါတယ် ဆရာ"

"ဟုတ်ရင်ဟုတ်ပေါ့ကွာ"

ကံသစ်ထွက်သွားတော့ အလင်း သက်ပြင်းဖွဖွချလိုက်တယ် သူတို့ရိုးမထဲရောက်တာ ၁၀ရက်လောက် ကြာပြီမို့လား ဒီကိုရောက်လာတဲ့အကြောင်းအရင်းကို တွေးမိတော့ ဒေါသထွက်ရပြန်သည်

မိမိတို့ သူဋ္ဌေးရဲ့မိန်းမက သစ်ခွနက်လိုချင်သတဲ့ သစ်ခွနက်တောင် အပွင့်ပဲနက်တာမဟုတ် အပင်ရော ရိုးတံရော အပွင့်ကအစ နက်နေတဲ့ သစ်ခွတဲ့ သုတေသနပညာရှင်မို့ ဒီလိုထူးထူးဆန်းဆန်းအရာတွေ လိုချင်တာ မဆန်းပါ ဟုပဲစိတ်ဖြေရသည်။

အလင်းနောက်လိုက်တွေဖြစ်တဲ့ ကံသစ်၊တိုးမောင်၊ ဗညားနဲ့ အိန္ဒိယသွေးပါတဲ့ကူးမားတို့က အလင်းသေဆိုသေရှင်ဆိုရှင်မဲ့ သူစားမျိုးတွေမို့တော်သေးတယ်

ဘာပဲ ဖြစ်ဖြစ် မကြာခင်လိုချင်တာရတော့မယ်ဆိုတဲ့အတွေးကြောင့် စိတ်ပေါ့ပါးသွားသည်။

​ရှေ့ကနေ ခြေလှမ်းကျဲကျဲသွားနေတဲ့ ဆရာကိုကြည့်ပြီး ကူးမားခေါင်းတစ်ချက်ရမ်းလိုက်မိသည်။

လင်းမြတ်မာန် ဆိုတဲ့သူတို့ဆရာက Transman တစ်ယောက်ဆိုပေမဲ့ သာမန်ယောက်ျားတစ်ဦးထက်ပင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ သန်မာလွန်းသည်။

ဒါကြောင့်မို့ပဲ သူဋ္ဌေးရဲ့ ညာလက်ရုံးသဖွယ်ဖြစ်နေလို့ ဒီခရီးကိုထွက်လာရခြင်းပင်။

ဒီခရီးကို ကူးမားမလိုက်ချင်သော်လည်း ဆရာ့ကိုစိတ်မချ၍ပါလာခြင်းဖြစ်သည်။

သူတို့အားလုံး ချောင်းတစ်ခုအနားရောက်လာတော့ ကံသစ်က

"ဆရာ ဒီ​မြစ် ရဲ့တစ်ဖက်မှာ ကျနော်တို့ လိုချင်တာ ရှိတယ်လို့ပြောတယ်ဆရာ"

မြစ်က ရေအတော်စီးတဲ့ပုံပဲ ကူးဖို့ရာ စီစဥ်ကြတာပေါ့

ဗညားနဲ့တိုးမောင်က ဓားတစ်လက်စီနဲ့ ဖောင်လုပ်ဖို့ ပြင်နေကြသည် လမ်းပြနှစ်ယောက်ကလည်း ကူညီပြီးလုပ်ပေးနေကြတယ်။

ကံသစ်နဲ့ ကူးမားကတော့ ပဲထိန်းလုပ်ဖို့ ဝါးလုံးသွားရှာကြတယ်

အလင်းတစ်ယောက်ထဲ မြစ်ရဲ့ အခြေအနေကို အကဲခတ်နေသည် မြစ်ရဲ့နေရာ အတော်များများမှာ ဝဲကတော့လေးတွေ ဖြစ်ဖြစ်သွားလို့ ဝဲများရှိနေမလားလို့ စိတ်ထဲထင့်သွားသေးသည်။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now