အလင်း ဘုရင်မနောက်ကျောကို ကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။
ဟူးးးးးးးး
အတွေးပေါင်းသောက်ခြောက်ထောင်နဲ့ ယောင်တိယောင်တောင် အဆောင်ကိုပြန်ဖို့ လမ်းထောင့်လေးကိုအချိုး......လူတစ်ယောက်ဘွားခနဲ့ပေါ်လာသည်။
"အောင်မလေး......... လန့်လိုက်တာ"
အမွှေစိန်ရယ်ပါ ခါးထောက်ပြီးလူကိုကြည့်နေလိုက်တာများ
"အသံလေးဘာလေးပေးဦးမှပေါ့ဟ...လိပ်ပြာလွင့်တော့မယ်......"
"ရှင့်ကို ကျွန်မရပ်ကြည့်နေတာကြာလှပြီ ရှင့်ဘာသာ ဘာအတွေးလွန်နေမှန်းမှမသိပဲ"
"မင်းက ဘာကိစ္စရပ်ကြည့်နေရတာလဲ ကိုယ့်လမ်းကိုယ်မသွားပဲ...ဘာလဲ ငါချောနေလို့လား"ဆိုပြီး မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်တော့
ကျေးဇူးရှင်မလေးက
"အမလေးတော်.....အံသြဘ...ရှင်ကျွန်မဆီက ငွေတွေယူသွားတဲ့ကိစ္စအတွက်စောင့်နေတာ...ဘယ်မလဲ ကျွန်မငွေတွေ"
"အယ်....အဟီး....တစ်ပြားမှမရှိတော့ဘူး"
ရှိသမျှသွားတွေအစွမ်းကိုဖြဲကာ အလင်းမျက်နှာချိုသွေးပြီး ပြောတော့
"ဒီလောက်ငွေအများကြီး ရှင်ဘာတွေသုံးပစ်တာတုန်း"
"ဟို...ဟို....ဟိုဟာ"
အလင်းမှာ လက်ညိုးတစ်ထောင်ထောင်နဲ့ဘာပြောရမှန်းမသိ
်"တော်ပြီ...ထားလိုက်တော့...ရှင်ကျွန်မငွေတွေ အကုန်သုံးပစ်တာဆိုတော့ ရှင့်ကိုပြောထားတဲ့အတိုင်းပဲနော်
တစ်ပတ်တိတိကျွန်မခိုင်းတာလုပ်ရမယ်"ဘုရား ဘုရား ဒီကိစ္စကိုမေ့နေလိုက်တာ ဒီအမွှေစိန် သူ့ကိုဘာများမွှေဦးမလဲမသိဘူး....အလင်းမှာ အောင့်သက်သက်နဲ့သာ ခေါင်းငြိမ့်လိုက်ရသည်။
မနက်မိုးလင်းပါပြီဆိုကတည်းက အလင်းတစက်မှမနားရသေး ကိုယ့်စကားနဲ့ကိုယ်မို့သာ သည်းခံနေရသည်။ စိတ်ထဲရှိတဲ့အတိုင်းသာဆို အနားမှာရှိတဲ့ အမွှေစိန်မကို အဝတ်လျှော်သလိုလျှော်ပစ်ချင်လောက်အောင် စိတ်ထနေမိသည်။ ခိုင်းလိုက်သည်ဆိုသည်မှာလည်း ပါးစပ်မော်တာတပ်ထားသလိုပဲ တရစပ်......။ ထမင်းစားမှာမို့ စားဖိုဆောင် ကိုယ်တိုင်သွားယူပေးပါဦး။ အဆောင်မှာ ဘာကျန်နေလို့ သွားယူပေးပါဦး။ ဟိုဟာလေးလုပ်ပါဦး။ ဒီဟာလေးကူပါဦးနဲ့ မပြီးနိုင်မစီးနိုင်။
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ