Part 18

306 26 4
                                    

အလင်းနဲ့အရှင်မ ရင်တွင်းစကားများကိုအပြန်အလှန်ဖွင့်ဟပြီးတဲ့နောက် အရှင်မနဲ့သိပ်မတွေ့ဖြစ်။ လုတလော နန်းတွင်းရေးတွေသိပ်ရှုပ်နေတာကိုတော့ အလင်းတစ်စွန်းတစရိပ်မိပါတယ်။ ကြားထဲ အရှင်မလည်းအလုပ်ရှုပ်နေသည်မို့ အလင်းလည်း သွားမရှုပ်သာ။ အဆောင်ချင်းသိပ်မဝေးတာတောင် မျက်နှာလေးမြင်ရဖို့တောင်သိပ်ခက်နေလေရဲ့......လွမ်းလိုက်တာ.........အချစ်ရယ်။

နန်းတွင်း​းေရး မအေးသလို အလင်းမှာလည်း ဒုက္ခမသေးလှပါ။အမွှေစိန်ရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းကိုခံနေရသည်။ဒီကောင်မလေး အလင်းကို ဘာအလိုမကျနေလဲမသိပါ။တစ်ထစ်ရှိ အလင်းပဲရန်လာရှာနေသည်.........စိတ်မရှည်တော့ပေမဲ့......အရှင်မမျက်နှာကြောင့်သာ ဒင်းကိုအချိုသပ်ပေါင်းနေရသည်။

အရှင်မနဲ့မတွေ့ရတဲ့တစ်နေ့တာတိုင်းကို မမယဥ်မွန်တို့ ကိုဝသုန်တို့ဆီသွားကာ အချိန်ဖြုန်းနေမိသည်။ချစ်မိပြန်တော့လည်း မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ကို အတ္တကြီးနေမိသည်။

လပြည့်ဝန်း၏ ဖြူပြာသောငွေရောင်တို့သည် အရှင်မအပန်းဖြေရာ အဆောင်တော်ပေါ်သို့လှပစွာဖြာကျနေသည်။

ထို့အတူ အဆောင်ရဲ့စင်္ကြံလမ်းမှာ လက်ကလေးကလေးပိုက်ကာရပ်နေတဲ့ အဖြူရောင်အရိပ်ကလေးကြောင့် ရင်ထ​ဲထိပ်ခနဲ့ ဝမ်းသာသွားသည်။

အဆောင်တော်အနားကိုရောက်တော့ ဝတ်လွှာအဖြူလေးဟာ လရောင်ကြောင့် နဂိုထက်ပိုဖြူနေသကဲ့သို့ လုံးဝန်းနေတဲ့ လက်မောင်းသွယ်သွယ်ဟာလည်း လရောင်ကြောင့်ပိုပြီး ဖြူဝင်းနေလေသည်။ မျက်နှာဟာတည်တင်းနေပြီး ထူထဲသောမျက်ခုံးနှစ်ဖက်ဟာလည်း တစ်ခုနဲ့တစ်ခုနဲ့ထိစပ်တော့မဲ့အထိကို ​ကျုံ့ထားလေသည်။ အလင်းအနားရောက်သည်ကိုပင် သတိမမှုမိအောင် ဘာတွေများစိတ်ရှုပ်နေပါလိမ့်။

"အချစ်"

"ဟင်.......အမောင်"

အံ့သြသွားတဲ့ပုံကိုမျက်နှာမှာ ခဏသာမြင်လိုက်ရပြီး
အလင်းဆီကိုတိုးဝင်ပွေ့ဖက်ထားလေသည်။ရင်ခွင်ထဲခေါင်းတိုးဝှေ့ရင်း လက်အစုံဟာလည်း အလင်းခါးမှာ တင်းကြပ်စွာပွေ့ဖက်ထားရင်း လွမ်းတယ်ဟုတစ်ဖွဖွပြောနေလေရဲ့။အလင်းလည်းခပ်ဖွဖွရယ်ရင်းပြန်ဖက်ထားကာ ကျောပြင်ကိုပုတ်၍နှစ်သိမ့်ပေးလိုက်သည်။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now