ကိုဝသုန်က သွေးလွန်ပြီးသတိလစ်သွားတာပါ။ ခုတော့ ဆေးကုသမှုခံယူနေလို့ ကောင်းသွားပါပြီ။ သတိတော့မရသေးပါ။ကျန်တဲ့သူတွေက ပြန်ဖို့ အထုပ်တွေပြင်နေကြပြီ..ပြန်ကြဖို့အတွက်.....အလင်းလည်း ပြန်ဖို့ပြင်ဆင်နေလိုက်သည်။ ထိုအချိန်.........
"မောင်မင်းတို့......ဘာလုပ်နေကြတာလဲ"
အလင်းတို့အဆောင်ဝကနေ အသံထွက်လာသည်။"အရှင်မ..."
"ကျွန်တော်မျိုးတို့ရွာ ပြန်ဖို့ ပြင်ဆင်နေကြတာပါ"လို့ ကိုစေတဆိုတဲ့လူက ဖြေလိုက်သည်။
"အင်း.......ဟုတ်ပါပြီ.....ေမာင်မင်းတို့ကပြန်လို့ရပါပြီ....မောင်မင်းတို့အတွက် လက်ဆောင်တွေလည်း ပြင်ဆင်ထားပါတယ်.......ဒါပေမဲ့.....လင်းမြတ်မာန်ဆိုတဲ့တစ်ယောက်မပါဘူး........ရှင်ကဒီမှာပဲနေရမယ်"
"ဘာလို့ ဒီမှာပဲနေရမှာလဲ.....ကျွန်တော်လည်း ပြန်မှာပေါ့...ဒီမှာမနေချင်ဘူး"
အလင်းက ရုတ်တရက်ပြောလိုက်တော့ ဘေးနားကလူတွေ မျက်လုံးတွေပြူးကုန်သည်။ ဘုရင်မကို ဒီလိုပြန်ပြောတဲ့လူမှမရှိပဲ..။
"ဒီမှာ....မနေချင်လည်း ဒီမှာပဲနေရမယ်....ဒါအမိန့်ပဲ......ကျန်တဲ့သူတွေသွားလို့ရပြီ"
ဘုရင်မက ပြောပြီးပြီးချင်းလှည့်ထွက်သွားသည်။
အလင်းလည်းတော်တော်စိတ်ညစ်သွားသည်။ကိုစေတတို့ကတော့အလင်းကိုနှုတ်ဆက်ပြီး ပြန်သွားသည်။ အလင်းလည်းကိုဝသုန်ရှိတဲ့အဆောင်ကိုထွက်လာခဲ့လိုက်သည်။"ဟေ့လူ....နေဦး"
နောက်ကနေခေါ်သံကြား၍လှည့်ကြည့်ရာ ဘုရင်မရဲ့ ညီမဖြစ်နေသည်။အလင်းလည်း လှည့်ကြည့်ပြီး ရှေ့ပဲဆက်သွားလိုက်သည်။
"ဟေ့လူ....ပြောနေတယ်လေ နားကန်းနေလား"
"ဘာလဲကွာ....ငါမှာနာမည်ရှိတယ်.....နာမည်ခေါ် ဘာပြောမှာလဲ... ပြော....စိတ်ကကြည်နေတာမဟုတ်ဘူး"
"အဲ့ဒါ ကျွန်မနဲ့ဘာဆိုင်....ဒါနဲ့.. ရှင်မပြန်ရတော့ဘူးဆို....အစ်မတော်ကပြောသွားတယ်ဆို...ဟုတ်လား"
"ဟုတ်တယ်....အဲ့ဒါကြောင့် စိတ်ညစ်နေတာ......."
"အကြောင်းရှိလို့နေမှာပေါ့....အစ်မတော်ကလည်း မေးမြန်းစရာတွေရှိသေးတယ်တဲ့...ရှင့်ကို"
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ