"ဟိတ်လူ.......မြန်မြန်တက်စမ်းပါ.....ယောက်ျားကြီးဖြစ်ပြီးခြေတုန်လက်တုန်နဲ့"
"ဖြည်းဖြည်းတက်ပါ...ပြုတ်ကျမယ်"
အောက်ကနေတစ်ယောက်တစ်မျိုးစီအော်ဟစ်နေသည့် ရွှေမိနှင့် အမွှေစိန်ပင်။ ဒီဟာမလေးက အလင်းကိုဒုက္ခပေးဖို့ ညတောင်မအိပ်ပဲစဉ်းစားနေလားမသိ။
တစ်မနက်ခင်းလုံး အကောင်း ခုမှ အပင်တစ်အောက်ဖြတ်လျှောက်ရင်း အပင်ပေါ်က သစ်ခွပန်းကိုလိုချင်တယ် ခူးပေးပါဆိုလို့ အပင်ပေါ်ရောက်နေရခွငျးပငျ။
အပင်ကမြင့်သည့်အပြင် မက်စောက်ကြီးမို့ အလင်းမှာ ကုတ်ကပ်တွယ်တက်နေရသည်။ဒါကို အောက်ကနေသူမတက်ရတိုင်း အော်နေခြင်းပင်။"ညီမတော် ဒီနားမယ် ဘာတွေလုပ်နေတာလဲ"
"အယ် အစ်မတော်......အဟဲ ဟိုလူကို သစ်ခွပန်းတက်ခူးခိုင်းနေတာလေ........ဟိုမယ်""အို.....ညီမတော်ရယ် အပင်ကအမြင့်ကြီးပဲကို ပန်းလိုချင်တာများ ဥယျာဉ်တော်ထဲရှိနေတာကိုကွယ်"
ညီမတော်ပြောစကားကြောင့် အပင်ပေါ်မော့ကြည့်တော့ သစ်ခွပင်ကအဖျားနားမှာမို့ ဖြည်းဖြည်းချင်းသွားနေရသည့်သူ့ကိုကြည့်ကာ စိတ်ပူနေရသည်။ ဒီညီမတော့်နှယ့် ခိုင်းစရာရှားရသလားပဲ။
"ဟေး....အုံလိုက်ဆွဲနှုတ်ခဲ့ရမလား"
"မနှုတ်နဲ့ ပန်းပဲယူခဲ့"
အလင်းလည်း ရွဲ့ချင်တာနဲ့ အုံလိုက်ဆွဲခွာလိုက်သည်။"ရူးနေလား အုံလိုက်မနှုတ်ပါနဲ့ဆို"
"ညီမတော် ဘယ်နှယ့်အော်ဟစ်နေရတာလဲ အိန္ဒလြေးဘာလေးထိန်းပါဦး"
အစ်မတော်ရဲ့ခပ်ငေါက်ငေါက်အသံကြောင့် သီရိပါးစပ်ပိတ်နေလိုက်သည်။ဟိုလူကလည်း တစ်ဖက်က အပင်ကိုပိုက်ပြီး ဖြည်းဖြည်းချင်းဆင်းလာသည်။ပြုတ်ကျမှဖြင့်ကွယ်..... သူအောက်မရောက်မချင်း နန္ဒာမှာလည်းရင်တစ်မမနဲ့ ကြည့်နေရသည်။
"ဂျွတ်......"
မခိုင်တဲ့ကိုင်းမှနင်းမိသည်မို့ အသံထွက်လာသည်။ အောက်က နန္ဒာလည်း.....ဖြည်းဖြည်းချင်းဘေးကကိုင်းတွေကိုင်ပြီး လျှောက်ခဲ့........ညီမငယ်ကိုဆူခဲ့တာတောင်သတိမရတော့ပဲ စိတ်ပူပူနဲ့အော်နေရသည်။
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ