Part 7

333 30 1
                                    

အလင်းလည်း အဆောင်ပြန်ရောက်ရောက်ချင်း body trainingပြန်လုပ်ရတော့သည်။ ဟိုဘက်ကဘာမှန်းမသိတော့ ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရဦးမည်။

ကိုယ်လက်ရည်ကိုယုံပေမဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိဖို့လုပ်ရမယ်။ ကိုဝသုန်တို့ကတော့ ဘယ်လွှင့်နေလဲမသိ။တစ်ယောက် တည်း ချွေးတစ်လုံးလုံးနဲ့ အလုပ်ရှုပ်နေသည်။

သက်လုံကောင်းအောင် အရင်လေ့ကျင့်သည်။ နောက်ပိုင်း ကိုဝသုန်တို့လည်း ဝင်လေ့ကျင့်ကြသည်။ အလင်းတစ်ယောက် ကွင်းပတ်ပြေးနေတာကို တစ်စုံတစ်ယောက်က ကြည့်နေသည်။ ထိုသူက တစ်ခြားမဟုတ်.. ဘုရင်မ သီရိနန္ဒာဒေဝီပင်......

အနားမှာ ညီမတော် သီရိစန္ဒာကလည်း ကပ်လျက်....

"အစ်မတော် ဘာများထူးဆန်းနေလို့ အဲ့လူပြေးနေရတာကိုငေးကြည့်နေရတာလဲ"

"ဘာမှမဟုတ်ပါဘူးကွယ်.....အစ်မတော်ဒီတိုင်းကြည့်နေမိတာပါ"

သီရိလည်း ဟိုလူကိုကြည့်လိုက်တော့ မောလို့ထင်ပါရဲ့ ကွင်းထဲမှာ ပက်လက်ကြီးလှဲနေလေရဲ့ အစ်မတော်ကြည့်လိုက်တော့ အစ်မတော်အကြည့်ထဲမှာ တစ်ခုခုကိုစဥ်းစားနေသလိုမျိုး

"အစ်မတော် ဘာများဖြစ်လို့လဲ"

"သီရိလေး အဲ့လူက အစ်မတော်တို့ တိုင်းပြည်ကမဟုတ်ဘူးကွဲ့"

"သေချာရဲ့လား အစ်မတော်ရဲ့ အစ်မတော်ဘယ်လိုသိလဲ"

"သူရောက်တဲ့နေ့ နောက်ရက် အစ်မတော် သူ့ကိုခေါ်လာတဲ့ရွာကိုအထောက်တော်လွှတ် စုံစမ်းခိုင်းလိုက်တာပဲ"

"ညီမတော်တို့ ပြိုင်ပွဲကို အနှောက်ယှက်ပြုပြီးရှုံးအောင်လုပ်မဲ့လူလား တစ်ခါတည်း ခုကတည်းက ရှင်းပြစ်လိုက်ပါ့လား"(ချစ်ဖို့သိပ်ကောင်းနော်....မိသီရိ)

ထိုအခါ အစ်မတော်ကပြုံးပြီး "အန္တရာယ်ပြုမဲ့သူဆိုတာ လက်ဆုပ်လက်ကိုင်မပြနိုင်သေးဘူးလေကွဲ့ အဲ့ကြောင့် သူ့ကိုစောင့်ကြည့်ခိုင်းထားပါတယ် ညီမတော်လည်း နောက်ကျ ဒီတိုင်းပြည်ကိုအုပ်ချုပ်မဲ့သူဖြစ်လာမှာ အဲ့ကျရင် စိတ်ခံစားချက်ကိုဦးစားမပေးပဲ အခြေအနေတစ်ခုထိရောက်အောင်စောင့်ကြည့်ပြီး ဆုံးဖြတ်ဖို့လိုတယ်ကွဲ့"

ဘာလိုလိုနဲ့ ဒီတစ်ညကုန်ပြီး မနက်ဆိုပြိုင်ပွဲစပြီ......မ​ဲနှိုက်ပြီးခွဲတော့ အလင်းကနောင်ဆုံးမှပြိုင်ရမည်။ ကောင်းတယ် အဲ့ဒါ အလင်းရှေ့ကလူတစ်ယောက်ကပ​ဲဖြစ်ဖြစ်နိုင်သွားရင် အလင်းပြိုင်စရာမလိုတော့..ပုဏ္ဏမီတို့ဆီပြန်ပြီးကိုယ့်အလုပ်ကိုယ်လုပ်ရမည်လေ။

"ဒီမှာ"

"အောင်မလေး"

ကို့အတွေးနဲ့ကို လွင့်နေတုန်းနောက်ကအသံကြားလိုက်၍လန့်သွားသည်။လှည့်ကြည့်လိုက်တော့ လရောင်အောက်မှာ ဟိုနေ့က မိန်းကလေး

"မင်း ဒီအချိန်ကြီး ဘာထွက်လုပ်တာလဲ"

"ကျွန်မက လူရိပ်တွေ့လို့လာကြည့်တာ ရှင်ကသာ ဒီချိန်ထိ မအိပ်ပဲ ဘာမကောင်းကြံဖို့စဥ်းစားနေတာလဲ"

"ဟင့် ကျုပ်ကဘာမကောင်းကြံရမှာတုန်း မနက်အတွက်အိပ်မရလို့ ဒီမှာခဏလာထိုင်နေတာ"

"ဟုတ်ပြီလေ... ဒါထက် ရှင်ကျွန်မတို့ဘုရင်မနဲ့တိုင်းပြည်ကိုမကောင်းကြံဖို့တွေးနေရင် ရပ်တန်းကရပ်လိုက်နော် "

"အလိုဗျာ...စွတ်စွတ်စွဲစွဲ ဘယ်အချက်တွေကြည့်ပြီး အဲ့လိုပြောနေရတာတုန်း အမိရဲ့"

"ရှင်က ကျွန်မတို့နဲ့မှမတူပဲ ပြောပုံဆိုပုံတွေက ...ထားပါ ကျွန်မသွားတော့မယ်...ဒီနေရာမှာရှင်တစ်ယောက်တည်း အကြာကြီးနေမနေနဲ့"

"ဘာလို့လဲ"

"ဒီနေရာက သရဲခြောက်တယ်"

ဘာ!!!!!!!!!

"အမလေး လန့်တာရှင် ဖြည်းဖြည်းအော်ပါ"

အလင်းစိတ်တိုပါသည်။အော်တာတောင်ဖြည်းဖြည်းအော်ပါတဲ့။အလင်း ကျန်တာသာမကြောက်တာ သရဲတော့အသေကြောက်ပါသည်။ပြောပြောဆိုဆိုနဲ့ထိုဟာမလေးထွက်သွားတော့ သူ့နောက်အပြေးလိုက်တော့သည်။သူ့ကိုယ်ပေါ်က ပုဝါစလေးအသာလှမ်းကိုင်တော့

"အို....... ဘာလုပ်တာတုန်း"

"မင်းကြောက်နေမလားလို့ပါ ငါအဖော်လိုက်ပေးမလို့"ဆိုပြီး ရုပ်တည်ကြီးနဲ့ဖိန့်ချလိုက်သည်။ ထိုဟာမလေးကြည့်လိုက်တော့ ရယ်ချင်တဲ့ရုပ်ကို မနည်းအောင့်အီးထားရတဲ့ပုံ အမြင်အတော်ကပ်ပါသည် ...ဒီမိန်းကလေးကို..။

မနက်လင်းတော့ အလင်းလည်း ပုဏ္ဏမီချုပ်ပေးထားတဲ့ အနက်ရောင်ဝတ်စုံလေးကိုဝတ် ဆံပင်အကုန်လုံးလိုစုစည်းပြီး အလယ်မှာ ထုံးထားလိုက်သည်။ ပြိုင်ပွဲကျင်းပမဲ့ကွင်းဘက်ကို အလင်းတို့ထွက်လာခဲ့ကြသည်။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now