မာယာနွယ်တစ်ယောက် အံကိုကြိတ်ကာ မျက်နှာထားကိုတင်းမာလျက် သူ့ရှေ့က လူလေးယောက်ကို မီးဝင်းဝင်းတောက်တော့မည့် မျက်လုံးတစ်စုံနဲ့စူးစိုက်ကာကြည့်နေသည်။ ရှေ့ကလူလေးယောက်မှာလည်း ခေါင်းလေးတွေငုံ၍ အသက်ပင်ကျယ်ကျယ်မရူရဲကြ။
"တောက်"
တောက်ခေါက်သံက ယောက်ျားရင့်မာကြီးလေးယောက်ကိုတောင် ဆတ်ခနဲ့ တုန်သွားအောင်ထိ ပြင်းထန်နေသည်။
"နင်တို့သေချာရော ရှာကြရဲ့လား အစအနတောင်မတွေ့ရဘူးဆိုတော့ သူကဘယ်ပျောက်သွားတာမို့လို့လဲ"
"ကျွန်တော်တို့တွေ မြစ်ရိုးတစ်လျှောက်ရော မြစ်ရိုးတစ်လျှောက်က ရွာနားတွေမှာပါ ဝင်ပြီးစုံစမ်းခဲ့တာ ဆရာရဲ့သတင်း အစအနတောင် မရခဲ့ပါဘူး မမလေး"
မာယာနွယ် တစ်ယောက် မျက်မှောင်တစ်ချက်ကျုံ့ကာ စဥ်းစားလိုက်သည်။
"မနက်ဖြန် လိုအပ်တဲ့ပစ္စည်းတွေအဆင်သင့်ပြင်ထား ငါကိုယ်တိုင်လိုက်ရှာမယ်"
"ဟုတ်ကဲ့ပါ မမလေး" ဟုဆိုကာ ထိုလူလေးယောက်မှာ အပြင်ပြန်ထွက်သွားသည်။
ဒီကလေးက အလွယ်သေမဲ့ကလေးမဟုတ်ဘူး တစ်နေရာရာမှာရှိကိုရှိနေရမယ်။ လင်းမြတ်မာန် လင်းမြတ်မာန် ငါ့ကိုတော်တော်ဒုက္ခပေးတဲ့ ကလေး......။မာယာနွယ်နဲ့ လင်းမြတ်မာန်ဟာ မိဘမဲ့နှစ်ယောက် ငယ်ငယ်ကတည်းကတစ်တွဲတွဲက ဒီအခြေအနေထိရောက်လာတဲ့အထိပင်။ ဒီအခြေနေမျိုးရောက်အောင် သူတို့နှစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ဘဝတွေဟာ မရိုးရှင်း မလွယ်ကူခဲ့။
မိမိအသက်ရှင်ဖို့တွက် အလုပ်ချင်ပဲ လုပ်ခဲ့ရတဲ့ အလုပ်တွေ၊ မသတ်ချင်ပဲ သတ်ခဲ့ရတဲ့ အသတ်တွေ မိမိတို့လက်တွေမှာ သွေးစွန်းခဲ့ရသည်မှာ မရေတွက်နိုင်။ ဒီဘဝမျိုးထဲက ရုန်းထွက်ချင်ပြီ။ ဒါကြောင့်လည်း ဒီအလုပ်တစ်ခုပြီးရင် အနားယူဖို့အတွက် သူတို့နှစ်ယောက်တိုင်ပင်ပြီးသား ။ ခုတော့ ဒင်းက ဘယ်မှာ ပျောက်ပြီး ဘယ်ရောက်နေမှန်းမသိရ သတင်းအစအနပင်မတွေ့။
သူကိုယ်တိုင်ဆင်းပြီး ရှာရမယ် လင်းမြတ်မာန်ကသာ သူ့ရဲ့တစ်ဦးတည်းသော မိသားစု ၊ သူကို အဆုံးရှုံးမခံနိုင်ပါ။ ငါ နင့်အတွက်လာနေပြီ......အလင်း။
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ