Part 12

287 32 4
                                    

အလင်းရှေ့က လှည့်ထွက်သွားတဲ့ ဘုရင်မကိုကြည့်ရင်း အလင်းပြုံးမိသည်။ ကိုယ့်ကိုဒီလိုအမိန့်တွေပေးပေးပြီး လုပ်ချင်တိုင်းလုပ်နေတဲ့ ဒီဘုရင်မကို အလင်းချစ်မိပါသည်။ ခုတော့ အမိန့်တော်အတိုင်း ဘုရင်မပါလိုက်ဖို့စီစဉ်ရဦးမည်။

"မောင်မင်း စကားက သေချာရဲ့လား"

"မှန်ပါ့ ကျွန်တော်မျိုးနားနဲ့ရော မျက်စိနဲ့ပါ ဒိဋ္ဌမြင်ခဲ့ကြောင်းပါ"

"ဒီလိုဆိုတော့လည်း ကံတရားက ငါ့ဘက်ရှိနေပြီနဲ့တူရဲ့ ဟုတ်သလား..... ဒီပ"

"မှန့်ပါ့ အမိန့်သာပေးတော်မူပါဘုရား"

ဒီပရှေ့မှာ ရပ်နေတဲ့လူဟာ အခြားသူတော့မဟုတ် ဘုရင်မရဲ့ လက်ဝဲရံ အကြံပေး ဦးသိင်္ခဖြစ်တစ်လဲ့ ဘုရင်မရဲ့ ဦးကြီးတော်အရင်းခေါက်ခေါက်ပင်။

"ငါ့သားတော်လေးအတွက် မင်းအသက်ကိုပြန်ပေးရမယ် သီရိနန္ဒာဒေဝီ"

အဲ့နေ့ကမြင်ကွင်းကို ဦးသိင်္ခမျက်စိထဲကနေ ယနေ့တိုင်မေ့မရ။သားတစ်ယောက်ကို ဖခင်တစ်ယောက်ရှေ့မှာ ခေါင်းဖြတ်သတ်ခဲ့တဲ့ ဒီဘုရင်မကို ပြန်သတ်ရမှ ရင်ထဲကအပူမီးငြိမ်းရမယ်။

နောက်နေ့မနက်မှာတော့ မြင်းဇောင်းအနီးမှာ အလင်းတစ်ယောက်အလုပ်ရှုပ်နေသည်။ အရှေ့အနောက်ကိုအခေါက်ခေါက်အခါခါလျှောက်ရင်း ထြက္လာမဲ့ဘက်ကို လည်တစ်ဆန့်ဆန့်နဲ့မျှော်နေမိသည်။ ဒါကိုမျက်စိနောက်လာသည့် ရဲမက်တစ်ဦးက

"နောင်ကြီးရာ ငြိမ်ငြိမ်ထိုင်နေပါဗျ နောင်ကြီး ကြည့်ရတာ မီးနေခန်းထဲက ဇနီးသည်ကို စိတ်ပူတဲ့ပုံပေါက်နေပြီဗျ"ဆိုပြီး အလင်းကိုစနောက်နေကြသည်။အလင်းလည်း ရှက်ရယ် ရယ်ပြရင်း သူတို့အနားသွားထိုင်နေလိုက်သည်။

ဟော လာပါပြီ ကိုယ့်ရဲ့ ဘုရင်မ သာမန်အရပ်သူပုံစံမျိုးဝတ်စားပြီး အလင်းရှိရာဆီ တစ်လှမ်းချင်းလှမ်းလာနေသည်။ သာမန်အရပ်သူလိုပြင်ဆင်ထားတာတောင်မှ ဘုရင်မအလှကို အဖုံးဖိနိုင်....အလင်းတော့ ဒီနွံထဲက ရုန်းနိုင်မယ် မထင်တော့ပါဘူး...ခက်ရချေရဲ့

"အဟမ်း နောင်ကြီးလင်းမြတ်မာန်ရေ ကြည့်တာလေးတွေလျော့ပြီး သွားလို့ရပြီနော်"ဆိုမှ အလင်းသတိပြန်ကပ်မိသည်။ အလင်းဘယ်လောက်တောင်ငေးကြည့်နေမိလို့ မျက်နှာဖြူဖြူဥဥလေးက ပန်းရောင်တောင်သမ်းနေပြီ။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now