အလင်းတို့အားလုံးမြင်းကိုယ်စီနဲ့ နန်းတော်ကိုထွက်ခဲ့ကြသည်။ နန်းတွင်းက လူသုံးယောက်နဲ့ အလင်းတို့လိုလူတွေက အလင်းအပါအဝင် ၅ယောက်ထဲရယ်ပါ။ အံ့တော့အံ့သြစရာ တစ်တိုင်းပြည်လုံးမှ ၅ယောက်တည်းရယ် ဒါတောင်အလင်းက ကံဇာတာနိမ့်နေလို့ပါလာခြင်းပင်။
အလင်းတို့ကိုခေါ်လာတဲ့ လူကြီးနာမည်က ဦးစက္ကတဲ့။ တိုင်းပြည်တဲ့ စစ်သူကြီးဆိုပဲ.....စစ်သူကြီးကိုယ်တိုင်ဆင်းလာရတဲ့ကိစ္စဆိုတော့ ပေါ့သေးသေးတော့ ဟုတ်မယ်မထင်။
အလင်းတို့ကျောက်တုံးကျောက်ဆောင်ကြီးတွေနဲ့ တည်ဆောက်ထားတဲ့ မြို့ရိုးကြီးကိုဖြတ်၍ နန်းတော်ထဲရောက်တော့ အလင်းတို့ကို အဆောင်တစ်ခုမှာနေရာချပေးထားသည်။ အနားယူကြပါဦးတဲ့။
အလင်းလဲ အဆောင်ထဲရောက်တော့ အတူပါလာတဲ့လူတွေကို ဘာမှန်းမသိတဲ့အရာတစ်ခုကို ဘာလို့ လက်ခံကြတာလဲလို့မေးတော့...
ဘုရင့်ကိုယ်ရံတော်ဖြစ်ချင်လိုတဲ့ဗျာ သူတို့အတွက် ဒီဆုက မက်လောက်စရာကိုးဗျ...ထိုလူတွေထဲကမှ ကိုဝသုန်ဆိုတဲ့လူက ဒီကိစ္စကိုအတော်တက်ကြွနေတဲ့ပုံ.....သူက နပန်းသမားဖြစ်ကြောင်း......သူ့ရွာမှာတပည့်တပန်းတွေရှိပြီး နပန်းပညာသင်ပေးနေကြောင်းပြောပြရင်း...တစ်ယောက်အကြောင်းတစ်ယောက်ပြောကာ မိတ်ဆက်ကြသည်။ အလင်းကသူတို့ပြောသမျှသာနားထောင်ယုံပင်။
နောက်နေ့ မနက်ခင်းမှာပဲ ဘုရင်မက ညီလာခံမှာ အလင်းတို့အားလုံးကိုတွေ့ချင်တယ်ဆိုလို့ ညီလာခံထဲဝင်ရသည်။ အလင်းတကယ်ချွေးပြန်ပါသည် နန်းတွင်းထဲက အပြောအဆိုတွေနဲ့.... အလင်းဆိုသည်မှာလည်း အဲ့လိုထီးသုံးနန်းသုံးတွေပြောတက်ဖို့နေနေသာသာ ဘုန်းကြီးနဲ့စကားပြောရင်တောင် အယောင်ယောင်အမှားမှား ခက်နေပါပြီနော်။
အလင်းတို့တွေ ညီလာခံထဲဝင်တော့ ဘုရင်မမရောက်သေး၍စောင့်နေကြသည်။ အချင်းချင်းတီးတိုးတီးတိုးနဲ့ အလင်းကြည့်လိုက်တော့ မှူးကြီးမတ်ရာတွေကလည်း မြန်မာကားတွေထဲကလိုလည်း မဟုတ်ပါလား။ဝန်ကြီးဦးထုပ်တွေဘာတွေမပါကြဘူး။ ဒါမဲ့ စလွယ်တွေတော့ပါတယ်။သူတို့အဆောင်အယောင်နေမှာပေါ့လေ။
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ