Part 5

318 25 2
                                    

ပုဏ္ဏမီတို့ဆီမှာ တစ်လသာကြာသွားတယ် ပြန်လမ်းမတွေ့။ ရေတံခွန်နဲ့တူတာဆိုလို့ အမြင့်ကစီးလာတဲ့ ရေစီးကြောင်းပင်မရှိ။

"ဗျုိ့......နောင်ကြီး ဒီနေ့လည်း ချောင်းစပ်က ပြန်လာပြန်တာလားဗျ"ဟု ရွာထဲကလူတစ်ယောက်ကလှမ်းနှုတ်ဆက်သည်။

ဒီမှာနေတာအချိန်တစ်ခုထိရောက်လာတော့ ရွာထဲက လူတွေနဲ့ပင်ရင်းနှီးနေပြီ။ ပုဏ္ဏမီချုပ်ပေးတဲ့ သူတို့အဝတ်အစားလည်း ဝတ်တက်နေပြီ။ အလင်းမှာပါလာတဲ့အဝတ်စားတွေဝတ်နေရင် အပြင်ကလူတွေက တစ်မျိုးမြင်မစိုးလို့တဲ့လေ။

တစ်ခါကလည်း ရွာထဲက ကောင်မလေးတွေကို ညီမခေါ်လို့ ဝိုင်းဟားခံရသေး။ သူတို့က ညီမဆိုတာ မိန်းကလေးအချင်းချင်းမှသုံးတာပါတဲ့။ယောက်ျားလေးက မိန်းကလေးကိုခေါ်ရင် နှမ တဲ့ဗျာ။ ဘယ်သိမလဲ အလင်းတို့ကဒီလိုပဲနှုတ်ကျိုးနေတာကိုပဲ။

အိမ်ပြန်ရောက်တော့ ပုဏ္ဏမီက အိမ်ရှေ့က ကွပ်ပျစ်မှာထိုင်ပြီး ပန်းသီနေတယ်။

"ဟော...... အစ်ကိုပြန်လာပြီလား ဗိုက်ဆာနေပြီလား ပုဏ္ဏမီထမင်း​ပြင်လိုက်တော့မယ်"

"နေပါဦးကွယ် အစ်ကိုမဆာသေးပါဘူး"

​လှေကားပေါ်တက်သွားတဲ့ အစ်ကို့ကျောပြင်ကိုကြည့်ရင်း ပုဏ္ဏမီသက်ပြင်းဖွဖွချမိသည်။
အချိန်တန်ပြန်မှာမှန်းသိပေမဲ့ အစ်ကို့အပေါ်မှာသံယောဇဥ်တွေထားနေမိသည်။ ပုဏ္ဏမီခံစားချက်တွေကို ဖုံးကွယ်မိတာ အခါခါ၊
မိန်းမသားပေမို့ ခံစားချက်ကိုထိန်းချုပ်ထားရသည်။ အစ်ကို့ကို ပြန်လမ်းမတွေ့ပါစေနဲ့လို့တောင် ဆုတောင်းမိတော့မလိုဖြစ်တာလည်း မရေမတွက်နိုင်။

ဒီနေ့.......ရွာထဲမှာရှိတဲ့ယောက်ျားသားတွေအားလုံးကို ဦးဒိဗ္ဗအိမ်ကိုရောက်နေကြသည်။အလင်းရောပေါ့။ သူတို့အမြင်မှာတော့ အလင်းကယောက်ျားကိုး။အားလုံး မြေပြင်ပေါ်မှာ အကုန်ငုတ်တုပ်။ လူတွေအားလုံးရဲ့ အရှေ့မှာတော့ ဘယ်ကသူတွေမှန်းမသိ။ အလင်း ဘေးနားကလူကိုမေးကြည့်တော့ နန်းတွင်းကဟုဆိုသည်။

ထိုစဥ်သူတို့ထဲက အကြီးအကဲဖြစ်ပုံရတဲ့ရတဲ့ လူကြီးကနေ

"မိဘပြည်သူများ ခင်ဗျာ....... အဲ....မှားလို့"(စတာနော်...ဟွန့်)😁😁😁

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now