Part 4(zawgyi)

24 4 0
                                    

ပုဏ္ဏမီလည်း ဟိုလူစိမ်းအိပ်နေတဲ့ အခန်းကို ကြည့်မိတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့။

သူနေတဲ့အရပ်က ပုဏ္ဏမီတို့နဲ့ကွဲပြားနေတာတော့ အသေချာပင်။ ရုပ်ရည်ချင်းကျလည်းမတူ အသားအရောင်ချင်းကျလည်းကွဲ ဒါပေမဲ့ အရပ်ရှည်ရှည် အသားဖြူဖြူ မျက်လုံး မျက်ခုံးကောင်းကောင်း ဆံပင်ကျလည်း အနက်ချည်းပဲမဟုတ် ရွှေရောင်ကွက်တိကွက်ကြားနဲ့ အားလုံးခြုံကြည့်ရင် အတော်ကြည့်ကောင်းပါတယ်။ငါ့နှယ့် ယောက်ျားတစ်ယောက်ကို စေ့စေ့ပေါက်ပေါက်ခွဲခြမ်းစိတ်ဖြာနေရတယ်လို့ ကိုယ်အတွေးနဲ့ကိုရှက်နေမိတော့သည်။

"ဟေ့ ယောင်းမရေ"

"ဟယ် ခင်နု ထွေးခင် ငါ့ဆီလာတာလား ငါ့မောင်ဆီလာတာလား ငါ့မောင်ဆီဆိုရင်တော့ မရှိဘူးအေ့ ယာခင်းထဲမယ်ရှိသေးတယ်"

ပုဏ္ဏမီက စနောက်လိုက်တော့ မျက်စောင်းတထိုးထိုးနဲ့အိမ်ထဲဝင်လာကြသည်။

"တော့် လူစိမ်းတစ်ယောက်ကို ခေါ်လာတယ်ဆို ဘယ်သူလဲ ဘယ်ကလဲ ဘာလာလုပ်တာလဲ"

"အိုအေ ဖြည်းဖြည်းဖြည်းမေးကြပါ ကျုပ်ထွက်မပြေးပါဘူးတော့"

"သိချင်ဇောကြီးသွားလို့ပါအေ"

"ကျုပ် မောင်ငယ်ကို ထမင်းတောင်းပို့အပြန် ချောင်းစပ်မှာတွေ့တာပါ ပြီးတော့ သူ့ကြည့်ရတာ ကျုပ်တို့နဲ့မတူဘူးတော့ ဝတ်ပုံ ပြောပုံဆိုပုံတွေက အဲ့ဒါနဲ့ ကျုပ်လည်း ဦးကြီးဒိဗ္ဗဆီပို့ပြီး အဲ့ကနေ ဒီကိုခေါ်လာလိုက်တာပါပဲ"

"ဟယ် အဲ့ဆိုအဲ့လူစိမ်းက ညည်း အိမ်မှာပေါ့ "

"ဟုတ်ပါ့ရှင်"

"ညည်း အိမ်ကိုခေါ်တာတော့ ဟုတ်ပါပြီ သူကဖြင့် ဘယ်ကမှန်းမသိပဲ ကိုယ့်ကိုဒုက္ခပေးမဲ့သူဆို ဘယ်နှယ့်လုပ်မလဲကွယ်"

"မသိသေးဘူးကွယ် သူကတော့ သူပြုတ်ကျလာတဲ့ ေနရာကိုပြန်ရှာမယ်လို့ပြောတယ်"

"ဒါနဲ့ ဘယ်မလဲ အဲ့လူစိမ်း ရွာထဲကအပြောနဲ့ကိုက်လား ကြည့်စမ်းချင်လို့"

"ရွာက ဘာပြောနေလို့တုန်းတော့"

"ပုဏ္ဏမီ ခေါ်လာတဲ့လူက လူချော လူဖြောင့်တဲ့ တျောရေ့ အပျိုမတွေပါးစပ်ရေပန်းစားနေလေရဲ့ နေ့တောင်မကူးသေးဘူး"

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now