Part 22

386 22 4
                                    


နန္ဒာ့ကို မြင်တော့ ထိုလူကနေမဲ့ပြုံးလေးတစ်ချက်ပြုံးကာ

"ဘုရင်မကြီးကိုယ်တိုင်ကြွချီလာတာပါလား ကျွန်တော်မျိုး အရိုအသေပေးပါတယ်"ဟု ခပ်ထေ့ထေ့စကားနဲ့ ပြောလေတော့သည်။

ဖြောင်း ခနဲ့ အသံနဲ့အတူ ထိုလူမှာ နောက်သို့လန်ကျသွားသည်။

ကိုယ်ရံတော်တစ်ယောက်ရဲ့ခြေကန်ချက်ကြောင့် ထိုလူမှာလန်ကျနေရာကနေပြန်ထိုင်ပြီး နှုတ်ခမ်းထောင့်ကသွေးစကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ရင်း

မင်းက ဘာကောင်မို့ ဘုရင်မကို မခန့်လေးစားလုပ်ဝင့်တာလဲ သစ္စာဖောက်ကောင် 

သိပ်မကြာဘူး သိပ်မကြာတော့ဘူး မင်းရဲ့ကျဆုံးခန်းရောက်လာတော့မယ် သီရိနန္ဒာ‌‌‌‌ဒေဝီ မင်းသိပ်မကြာခင် မင်းသေမင်းရောက်လာတော့မယ်

မင်းကိုတစ်ခုပြောပြလိုက်ဦးမယ် မင်းသိပ်ယုံကြည်ရတဲ့သူ  မင်းကလူယုံသတ်လို့သေရလိမ့်မယ်ကွ 

နန္ဒာ ထိုအကျဥ်းထောင်ကနေလှည့်ထွက်ခဲ့လိုက်သည်။

အရှင်မ သူ့ကိုဘယ်လိုလုပ်လိုက်ရမလဲ

အင်း ဒီတိုင်း သီးသန့်ခွဲချုပ်ထားလိုက်ပါ အေးအေးသာသာနေနိုင်အောင်သာစီစဥ်ပေးလိုက်ပါ 

အရှင်မ ဘာလို့.............

နန္ဒာလက်ကာပြလိုက်ရင်း ငါ့ရဲ့မောင်တော်ဖြစ်ခဲ့ဖူးသူပဲ သေချာစောင့်ကြပ်ထားပါ

အမိန့်တော်အတိုင်းပါ

နန္ဒာအဆောင်ကိုပြန်ရောက်နေပေမဲ့ စိတ်ကမောင်ငယ်ပြောတဲ့စကားသံသာ နားထဲထပ်တလဲလဲကြားနေမိတယ်။ထိုနေ့ည၌လည်း အိပ်ဖို့နောက်ကျခဲ့ပါသည်။

တစ်ဖက်တွင်လည်း မာယာနွယ်တို့ အဖွဲ့ဟာလည်း အလင်းပျောက်ခဲ့တဲ့နေရာတစ်ဝိုက်မှာတစ်ဝဲလည်လည်ဖြစ်နေသည်။ ဒီအနီးတစ်ဝိုက်မှာရှာမရရင်တော့ ‌ရေတံခွန်အောက်ဆင်းရှာဖို့ပဲကျန်တော့တယ်။

ကူမား 

ဗျာ မမလေး

ငါတို့ ဒီနေ့ပဲ ရေတံခွန်အောက်ဆင်းရှာမယ် ပစ္စည်းတွေသိမ်းလိုက်တော့ 

ဗျာ မမလေး ဒီရေတံခွန်က အရမ်းမြင့်တဲ့အပြင် ရေကျတာအရမ်းပြင်းတယ် တကယ်လို့ အစ်ကိုလေးဒီကနေကျသွားရင်တောင် အသက်ရှင်ဖို့ မသေချာ..........

တော်စမ်း လင်းမြတ်မာန်က လွယ်လွယ်နဲ့သေမဲ့သူမျိုးမဟုတ်ဘူး မလိုက်ချင်တဲ့ကောင်နေခဲ့

ခပ်မာမာပြောပြီးလှည့်ထွက်သွားတဲ့ မာယာနွယ့်ကျောပြင်ကိုကြည့်ရင်း ကူးမားတို့တစ်သိုက် ဘာမှမတက်နိုင်တော့၊၊ သူတို့ ဆရာနှစ်ယောက်က ခေါင်းသိပ်မာကြသည်မို့လား။

ဆရာက ရှူးရှူးဒိုင်းဒိုင်း တစ်ဇွတ်ထိုးလုပ်တက်ပြီး မမလေးကတော့ကိစ္စတစ်ခုကိုခေါင်းအေးအေးထားဖြေရှင်းတက်ကာ သွေးအေးအေးနဲ့ ရက်စက်တက်သည်။ ဒါကြောင့် သူတို့ဆရာထက် မမလေးကို ပိုကြောက်ရသည်။

ထို့ကြောင်ပင် ပစ္စည်းတွေသိမ်းကာ ထွက်ခဲ့ကြတော့သည်။ ရေတံခွန်အောက်ဆင်းဖို့ရန် ခက်ခက်ခဲခဲလမ်းရှာကာ အောက်ကိုရောက်ဖို့ အချိန်အတော်ကြာ တွယ်ကုတ်ဆင်းရသည်။ 

မာယာနွယ်တစ်ယောက်စိတ်ကဆောင်နေ၍လားမသိ ပင်ပန်းလို့ ပင်ပန်းမှန်းမသိ။ အဆင်းတုန်းကရလာသည့်ပွန်းပဲ့ရာတွေကိုပင်ဂရုမစိုက်အား အနီးတစ်ဝိုက်ကိုလှည့်ပတ်ကာ ရှာဖွေနေကြသည်။ 

တစ်လတိတိကြာလာသည့်တိုင်အောင် အလင်းရဲ့ အရိပ်ခြေကိုမမြင်ရသေးပေ။ 

မာယာနွယ်တစ်ယောက် ရေစပ်ကကျောက်တုံးတစ်ခုပေါ်ထိုင်ရင်း 

မမ ကျွန်တော့်ကိုမထားခဲ့ပါနဲ့နော် ဟု ငါးနှစ်အရွယ်ကလေးလေးတစ်ယောက်က ဆယ်ကျော်သက်ကလေးမလေးရဲ့လက်ကိုဆွဲကာ ပြောနေလေသည်။

မမ မင်းကိုဘယ်တော့မှမထားခဲ့ဘူး ဟုတ်ပြီလား မမမင်းကို အမြဲစောင့်ရှောက်ပေးမယ် ဟုတ်ပြီလား

တကယ်နော် မမ ကတိ လက်သေးသေးလေးကိုမြှောက်ကာ ပြောတော့ မာယာတစ်ယောက် လက်သန်းချင်းချိတ်ကာ ကတိပေးလိုက်သည်။ ထိုကလေးလေးကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာခဲ့တာ

 ခုတော့................

မမလေး ဒီမှာလာကြည့်ပါဦးဗျ

ဗညားရဲ့အသံကြောင့် မာယာနွယ်တစ်ယောက် အမြန်ထကာသွားကြည့်တော့ ရေတံခွန်ရဲ့ အောက်ဖက်နားမှာ ဂူပေါက်လိုလှိုင်ခေါင်းတစ်ခုကိုတွေရလေသည်။

မမလေး ဒီထဲရေစီးနေပုံထောက်ရင် ဆရာက ဒီထဲရောက်သွားတာလဲဖြစ်နိုင်တယ်

ကျွန်တော်တို့ ဝင်ကြည့်ကြမလား

You've reached the end of published parts.

⏰ Last updated: Mar 26 ⏰

Add this story to your Library to get notified about new parts!

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now