သူနဲ့အတူလမ်းလျှောက်လာရင်း တစ်နေရာအရောက်.....................
ဘေးကနေအတူယှဥ်လျှောက်ရင်း ရုတ်တရက်ရပ်လိုက်တဲ့ အရှင်မကြောင့် စောင်းငဲ့ကြည့်လိုက်တော့
ရောင်စုံပုလဲပုတီးတွေချိတ်ဆွဲထားတဲ့စျေးဆိုင်တစ်ခုကို မျက်တောင်မခတ်ကြည့်နေတာကြောင့် "ဝင်ကြည့်ကြမလား"
ပိုင်စိုးပိုင်နင်းပင် ဘုရင်မလက်ကိုဆွဲကာ ဆိုင်အတွင်းဝင်ခဲ့သည်။
နန္ဒာတို့ ဆိုင်အတွင်းရောက်တော့ ပိုင်ရှင်ဖြစ်ပုံရတဲ့ အမျိုးသမီးကထလာသည်ကိုမြင်သည်နှင့် နန္ဒာစိတ်ထဲတွင် "အို လှလိုက်တာ"ဟု အသံတိတ်ဆိုမိသည်။
မျက်နှာသွယ်သွယ်၊နှာတံစင်းစင်း၊မျက်လုံးကြည်ကြည်၊နှုတ်ခမ်းဖူးဖူးလေးနဲ့မို့ ကျက်သရေရှိသည်။ထို့အပြင် သူ့ဆံပင်ကို ခေါင်းအထက်မှာ ရစ်ခွေ၍ထုံးထားသည်။ရုတ်တရက်ဘေးကလူကိုလှည့်ကြည့်တော့ လည်ဆွဲတွေကိုသာ စိတ်ဝင်စားနေ၍ စိတ်ထဲ တစ်မှတ်ပေးမိသည်။
"ဒီက ညီမတို့က ပုတီးတွေကြည့်ချင်တယ် ထင်ပ"
"ဟုတ်ကဲ့ ကျောက်ပုတီးလေးတွေ ကြည့်ချင်တာပါဗျ"ဟု သူကနှုတ်သွက်အာသွက်ဆိုတော့ ခဏနော်ဆိုကာ အထဲဝင်သွားသည်။
ပြန်ထွက်လာတော့ ငွေလင်ဗန်းတစ်ချပ်ကို နန္ဒာတို့ရှေ့ ချကာ သူပါဝင်ထိုင်လိုက်သည်။ လင်ဗန်းထဲက ကျောက်ပုတီးတွေမြင်တော့"လှလိုက်တာ"ဟုတိုးတိုးလေးဆိုပြီး မျက်လုံးလေးတွေအရောင်တောက်သွားသည်။
ှေရှ့ကအမျိုးသမီးက အရောက်တောင်သွားသည့် နန္ဒာမျက်လုံးတွေကိုသတိထားမိပြီး ပြုံးလိုက်သည်။"တို့များတော့အလှမမက်ပေါင်"ဆိုသည့် မိန်းမငယ်များပင် သူ့ပုတီးများကိုမြင်သည်နှင့် မကြည့်ပဲ မဝယ်ပဲမနေနိုင်ကြသည်ကို သူ့အတွေ့ကြုံအရသိထားသည်။
အမျိုးသမီးမှ လင်ဗန်းထဲကနေ အသင့်ထည့်လာသည့် ငွေဆံထိုးလေးနှင့် ပုတီးလည်ဆွဲတစ်ခုကိုညွှန်ပြရင်း "ဒါလေးက မဟူရာကျောက်နဲ့ လုပ်ထားတာပါ။ ဒီကျောက်က အဆိပ်ပြေစေတာမို့ တစ်ချို့ကဆောင်ထားကြပါတယ်
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ