အလင်းခေါင်းများထိသွားသလားစမ်းကြည့်ရသည် သေသွားတာလားဆိုတော့လည်း မဟုတ်
အခုအခြေနေကြီးက ဘယ်လိုကြီးလဲမြန်မာနိုင်ငံအနှံ့လျှောက်သွားဖူးပေမဲ့ ဒီမြို့နာမည် ရွာနာမည်တွေမကြားဖူးပါ မြေပုံထဲပင်ပါရဲ့လား မသိ။
ကောင်မလေးကြည့်တော့လည်း အလင်းကိုအကဲခတ်နေတဲ့ပုံစံနဲ့ကြည့်နေသည်။
နောက်ဆုံးတော့ဖြစ်ချင်ရာဖြစ်ဆိုပြီး ထိုအမျိုးသမီးကို ရေတံခွန်ပေါ်ကပြုတ်ကျလာကြောင်း ရှင်းပြလိုက်သည်။
သူ့ရွာကိုလိုက်ခဲ့ပါ ပြီးမှ အိမ်ပြန်လမ်းကိုရှာဖို့ကူညီပါ့မယ်ဆိုပြီး ထိုအမျိုးသမီးနောက်ပါသွားတော့တယ်။
ရွာဆိုတဲ့အတိုင်း မထူးဆန်းပေမဲ့ ထူးဆန်းနေတာက အလင်းကို လူထူးဆန်းသဖွယ်လိုက်ကြည့်နေကြသည်။
တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး လက်တို့ပြီး ပြောနေကြသည်။
ဟုတ်နေတာပါပဲလေ သူတို့ပုံစံနဲ့ အလင်းက အတော်ခြားနားနေတာကိုး တီရှပ်နဲ့ဘောင်းဘီနဲ့ကိုယ်က သူတို့အမြင်မှာအတော်ထူးဆန်းနေသည့်ပုံ လမ်းလျှောက်ရင်း နှစ်ထပ်အိမ်ကြီးရဲ့အရှေ့ ရောက်တော့ ထိုအမျိုးသမီးကရပ်ပြီး အလင်းကိုသူအနားလာဖို့ခေါ်သည်။
ထိုအချိန် အိမ်အပေါ်ထပ်ကနေ
"ဘယ်သူလဲဟေ့"
"ဦးကြီး ဒိဗ္ဗ ကျွန်မပုဏ္ဏမီပါ ဒီမှာ ချောင်းစပ်မှာ ဒီမောင်ကြီးကိုတွေ့လို့ ဦးကြီးဆီခေါ်လာတာ"
အလင်းကို ထိုလူကြီးကဆေးတံကြီးခဲပြီး မျက်မှောင်ကျုံ့ကာခြေဆုံးခေါင်းဆုံးကြည့်နေရင်း
"မောင်ရင်က ဘယ်ကနေလာခဲ့သတုန်း ဦးကြီးတို့နဲ့ ဝတ်စားဆင်ယင်ပုံကကွာနေတယ်ဆိုတော့"
"ကျနော်လည်း မသိပါဘူးဗျာ ရေတံခွန်ပေါ်ကပြုတ်ကျပြီး သတိရတော့ မပုဏ္ဏမီနဲ့တွေ့ပြီး ဒီရောက်လာတာပါပဲ"
"ဒီအနီးအနားေတာ့ရေတံခွန်ရှိတယ်လို့ ဦးကြီးတော့ မကြားမိဘူးကွယ့် မောင်ရင် ရေစီးနဲ့ အတော်ဝေးဝေးကနေ ပါလာပုံထင်ပါရဲ့ ဘာပဖြစ်ဖြစ်ပါ ဦးကြီးတို့ရွာမှာခဏတည်းရင်း အိမ်ပြန်လမ်းရှာပေါ့ကွယ် ဟုတ်ပီလား"
"ဟုတ်ကဲ့"
"အဲဆို ဦးကြီး ဒီမောင်ကြီးကို ပုဏ္ဏမီခေါ်သွားမယ်နော် အိမ်မှာလည်း မောင်ငယ်ရှိတော့ အဆင်ပြေတာပေါ့"
"အေးကွယ် အဲ့ဆိုလည်း အဆင်ပြေတာပေါ့ကွယ်"
ပုဏ္ဏမီတို့အိမ်သွားရင်း အလင်းကနေ
"မပုဏ္ဏမီအသက် ဘယ်လောက်ရှိပြီလဲဗျ"
သိပ်မရင်းနှီးသေးပဲ အသက်မေးတာ ရိုင်းပေမဲ့ ကိုယ်ကဘယ်လိုခေါ်ရမလဲ မသိတော့ မေးလိုက်မိတယ်
"ပုဏ္ဏမီက ၂၂နှစ်ပြည့်ပြီ မောင်ကြီးရဲ့ ေမာင်ကြီး အသက်နဲ့ နာမည်ကို ပြောပြဦးလေ ပုဏ္ဏမီကဘယ်လိုခေါ်ရမှန်းမသိဘူးရယ်"
အလင်းကပြုံးလိုက်ရင်း
"ကိုယ့်အသက်က ၂၅ရှိပြီခင်ဗျ ကို့အသက်က လင်းမြတ်မာန်တဲ့ အလင်းလို့ မိတ်ဆွေတော်တော်များများကခေါ်ကြတယ် ပုဏ္ဏမီလည်း အဲ့လိုပဲခေါ်ပေါ့ နော့ဗျာ"
စကားပြောရင်း ပုဏ္ဏမီအိမ်ရောက်တော့ ပုဏ္ဏမီက အလင်းနေရမဲ့အခန်းကိုပြတယ် အခန်းက ကုတင်တစ်လုံးနဲ့ ဘီရိုတစ်ခုပဲရှိတယ် အလင်းလည်း အိပ်ရာကိုမြင်တော့ ကျောပိုးအိတ်ချွတ် သေနတ်ကို တိုင်မှာချိတ်ထားလိုက်သည်။ ကုတင်ပေါ်လှဲပြီး ခဏအကြာမှာပဲ အိပ်ပျော်သွားတော့တယ်။

YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ