မနက် အလင်းအိပ်ယာနိုးတော့ ဘေးနားက အရှင်မက မရှိတော့ပေ။အစောကြီးထသွားတာနေမယ်ဟုတွေးကာ အလင်းလည်း ကိုယ့်အဆောင်သာကိုယ်ပြန်နေလိုက်သည်။
အဆောင်က ကုတင်နားမှာ ချထားတဲ့ ကျောပိုးအိတ်ကိုမြင်တော့ ဘာရယ်မဟုတ် အိတ်ထဲကပစ္စည်းတွေထုတ်ကာ ရှင်းနေလိုက်သည်။ အိတ်ရဲ့အကန့်တစ်ခုကနေ တစ်ခုခုကိုစမ်းမိတော့ အဲ့အရာကိုထုတ်လိုက်တော့ အလင်းဘာရယ်မဟုတ် ထည့်လာတဲ့ instax mini cameraလေးကိုတွေ့လိုက်ရသည်။ ရိုက်ပြီးတာနဲ့ ပုံတန်းထွက်တဲ့ကင်မရာလေးမို့ သဘောကျ၍ထည့်လာခြင်းဖြစ်သည်။
ရုတ်တရက် အကြံတစ်ခုပေါ်လာ၍ ကင်မရာလေးယူကာ အပြင်သို့ထွက်လာခဲ့သည်။အရှင်မဆီသွားဖို့ကြံရွယ်ထားပေမဲ့ အရှင်မညီလာခံဝင်နေသည်မို့ ပြန်လှည့်လာခဲ့သည်။ ကင်မရာလေးကိုင်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း အမွှေစိန်ကမျက်စိရှေ့ရောက်လာသည်။
အလင်းလည်း စချင်တာနဲ့ အမွှေစိန်ရဲ့မျက်မှောင်ကုတ်ကာ အလင်းကိုခါးထောက်ရပ်ကြည့်နေသည်ကို ရိုက်လိုက်သည်။ သိပ်မကြာခင်ပုံလေးထွက်လာသည်ကို အံ့သြတဲ့ပုံလေးနဲ့ကြည့်နေသည်။ ခဏကြာတော့ အမွှေစိန်ရုပ်လေးပေါ်လာသည်။ဆူပုတ်ပုတ်နဲ့မျက်မှောင်ကုတ်ကာကြည့်နေသည့်ပုံလေးက ရယ်ချင်စရာလေးမို့ အလင်းမှာအသံထွက်ကာရယ်မိသည်။
"ဘာရယ်စရာပါလဲ...........ရုပ်ကိုကအမြဲစပ်ဖြီးဖြီးနဲ့"
"ရော့ ရော့ ဒီမှာ ကြည့် ကြည့်"
"အို...... ရှင် ကျွန်မဝိညာဥ်ကိုနှုတ်ပြီး ဒီထဲထည့်လိုက်တာလား ပြန်နှုတ် ပြန်နှုတ်"
အာပြဲကြီးနဲ့အလန့်တကြားအော်နေသည့် အမွှေစိန်ကိုကြည့်ကာ အလင်းမှာ အရယ်ပင်မရပ်တော့။
"မရယ်နဲ့ ပြန်ထုတ်ပေး"ဟုအော်နေတော့
"ဝိညာဥ်မနှုတ်ပါဘူးဟာ........ဓာတ်ပုံရိုက်တာလို့ခေါ်တယ် မျက်စိရှေ့မှာရှိတဲ့ ပုံရိပ်ကိုဖမ်းယူလိုက်တဲ့သဘောမျိုးပေါ့........မင်းပြောသလိုဝိညာဥ်နှုတ်တာမဟုတ်ပါဘူးဟာ"အဲ့တော့မှ စိတ်အေးသွားဟန်ဖြင့်
"ပန်းချီဆွဲသလိုမျိုးပေါ့"
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ