ပြိုင်ပွဲကွင်းထဲရောက်တော့ ဘုရင်မနဲ့အခြားမှူးမတ်တွေထိုင်မဲ့နေမှာလဲ လူအတော်စုံနေပြီ ဘုရင်မလည်းရောက်နေပြီ။
ဟင်.... ........ဘုရင်မဘေးက ဟိုဟာမလေး ဘယ်လိုလုပ် ဘုရင်မအနားရောက်နေပါလိမ့် မဟုတ်မလွဲ ဒင်းက ဘုရင်မညီမဆိုတာလား။
အလင်းလည်း ထိုဟာမလေးကို ဘုကြည့်ကြည့်လိုက်တော့ တစ်ဖက်လွှဲပြီးမမြင်ချင်ယောင်ဆောင်သွားလေရဲ့ အနားရှိရင် ကိုင်စောင့်ပစ်ချင်စရာ.......ဘေးက ဘုရင်မကလည်း အလင်းကိုကြည့်နေ၍ အလင်းလည်း ကိုဝသုန်တို့နားသွားထိုင်နေလိုက်သည်။
သီရိနန္ဒာပြိုင်ပွဲကွင်းရောက်တော့ လူတောင်အတော်စုံနေပြီ။ ပြိုင်ပွဲဝင်တွေဘက်တစ်ချက်ကြည့်တော့ ဟိုလူမရောက်လာသေး။ ထိုလူရောက်ခါစကညီလာခံမှာတွေ့တုန်း နန္ဒာတို့နဲ့ မတူတာသတိထားမိသည်။ ညီလာခံမှာ နန္ဒာကို မျက်တောင်မခတ်စိုက်ကြည့်နေတဲ့ ထိုလူ့အကြည့်တွေကို မခံနိုင်၍ မသိချင်ယောင်ဆောင်ထားရသည်။
ဘာဖြစ်မှန်းတော့မသိ...သူ့အကြည့်တွေအောက်မှာ ရင်တုန်တာလိုလို....ကြက်သီးထတာလိုလိုဖြစ်မိသည်။ သူ့အကြောင်းတွေးနေတုန်း မောင်မင်းကြီးသားက ပြိုင်ပွဲဝင်မှာလား အလှပြမှာလားမသိဘူး။ သူဝင်လာတော့ မိန်းမပျိုတွေအကုန် အချင်းချင်းလက်တို့ကာ တီးတိုးပြောနေကြသည်။ပြိုင်ပွဲပြီးမှ သူ့အကြောင်းကိုသေချာမေးမြန်းကြည့်ရမည်။
"ကိုဝသုန် ဟိုဘက်ပြိုင်ဘက်မလာသေးဘူးလားဗျ"
"မသိပါဘူးကွာ...ဒီချိန်မှရောက်မလာသေးတာ မရိုးဘူးကွ"
ထိုအချိန် ဟိုဘက်က သူတို့ပြိုင်ဘက်ကို ခေါ်ခဲ့ဖို့ သံအမတ်တွေက ပြောလိုက်သည်။
လှည်းကြီးပေါ်မှာ လေးထောင်ပုံးလို့အရာကြီးကို အဝတ်ကြီးအုပ်ပြီး တွန်းလာကြသည်။ အဝတ်ကိုဆွဲချလိုက်တော့......ကြည့်နေတဲ့လူတွေအကုန်လုံး အသံတွေထွက်လာကြသည်။စစ်သူကြီးစက္ကပင် "ဟာ"ခနဲ့အသံထွက်သွားသည်။
နန္ဒာလည်း သံအမတ်တွေဘက်ကိုလှည့်ကာ
"မောင်မင်းတို့ ပြောတော့ စစ်သားနဲ့ လက်ရုံးချင်းယှဥ်ရမယ်ဆို......ခုတော့ ဘယ်လိုဖြစ်တာလဲ...."
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ