Part 10

387 42 2
                                    

အလင်းနေရမဲ့အဆောင်ထဲရောက်တော့ အလင်းနေခဲ့တဲ့အဆောင်ထက် နှစ်ဆလောက်ပိုကျယ်ပြီး ကုတင်ကလည်း သက်တောင့်သက်သာဖြစ်မဲ့ပုံ.....။ အလင်းတောင်ဘဝင်မြင့်ချင်နေပြီ....။ဟိုဟာမလေးက ဘယ်ဆိုးလို့လဲ..။ အလင်းလည်း ဆီမီးအလင်းရောင်လေးနဲ့အိပ်ရာပေါ်လှဲချလိုက်တယ်။

အလင်းအိပ်ပျော်တစ်ဝက်နိုးတစ်ဝက်မှာ အခန်းထဲကနေ ခြေသံလိုလိုကြားရတယ်......အခန်းထဲမှာပဲခေါက်တုံ့ခေါက်ပြန်လျှောက်နေတာမျိုး...... အလင်းလဲကြားပေမဲ့ အိပ်ချင်နေတာမို့ ဂရုမစိုက်ပဲနေလိုက်တယ်။

"တောက်........"

မာန်အပြည့်နဲ့ တောက်ခေါက်သံကိုကြားလိုက်တော့ အလင်းလန့်သွားပြီး မျက်လုံးဖွင့်ကြည့်တော့......အခန်းထဲဘယ်သူမှမရှိ......

"ဟင်းးးးး အိမ်မြှောက်စုတ်ထိုးတဲ့သံနေမှာ ဘယ်သူမှတော့မရှိပါဘူး ပြန်အိပ်တာပဲကောင်းတယ်" တိုးတိုးရေရွတ်ရင်း အိပ်ရာပေါ်လှဲချပြီး အိပ်လိုက်တော့တယ်။

အိပ်ပျော်ကာရှိသေးနောက်ထပ်..........

"တောက်....ဟင်းး"

"ထစမ်း...ထစမ်း.......ထစမ်း"

အလင်းလည်းအိပ်မှုံစုံမွှားနဲ့ထလိုက်တော့ မီးအလင်းရောင်မှုန်မှုန်ထဲမှာ လူတစ်ယောက်ရပ်နေသည်။ထိုလူက အလင်းအိပ်တဲ့ကုတင်နားလမ်းလျှောက်လာသည်။ နီးလာမှမြင်လိုက်ရသည်က.....အလင်းတစ်ကိုယ်လုံးရုတ်တရက်အကြောတွေတောင့်တင်းသွားသည်....အခြားမဟုတ် ထိုလူက ဘယ်လက်မှာဓားတစ်ချောင်းကိုင်ထားပြီး ညာဘက်မှာခေါင်းပြတ်တစ်ခုကိုင်ထားသည်။ထိူလူကိုကြည့်လိုက်တော့ လည်ပင်းငုတ်တိုကြီးနဲ့...အလင်းပါးစပ်ကအော်ဖို့ အသံပင်မထွက်တော့......ကြောက်ကြောက်နဲ့ကြည့်နေတုန်း ထိုလူကိုထားတဲ့ခေါင်းပြတ်က မျက်လုံးနှစ်လုံးကဖျတ်ဆိုပွင့်လာပြီး မျက်ထောင့်နီကြီးနဲ့

"ထွက်......သွား....စမ်း....."

"ငါသတ်ပစ်မယ်... မင်းကိုငါသတ်မယ်"

ဓားကိုမြှောက်လိုက်တော့....အလင်းလဲကြောက်အားလန့်အားနဲ့ ရှိသမျှအားအကုန်ထုတ်ကာ ထိုလူရင်ဝကိုစောင့်ကန်ကာ အပြင်ပြေးထွက်ခဲ့သည်။ နောက်လှည့်ကြည့်တော့ လဲကျနေတဲ့ကိုယ်လုံးကြီးက ကုန်းထလာတာကြီးကိုသွေးပျက်စရာမြင်ရသည်။ခေါင်းပြတ်ကြီးကတော့ တဟားဟား အော်ရီကာနေတော့သည်။

စေဝတ္တရာပြည်သို့ တမ်းချင်းWhere stories live. Discover now