အလင်းတစ်ယောက် ခုတင်ပေါ်မှာ ဟိုဘက်လိမ့် ဒီဘက်လိမ့်နဲ့အိပ်မပျော် ကြားထဲ ကိုဝသုန့်ခြေထောက်ကိုဖယ်ဖယ်ချနေရတယ်။ ညဘက်ကြီး တစ်ရေးနိုးလာမိတဲ့ ကိုယ့်ကိုကိုယ်သာစိတ်တိုနေမိသည်။ ဟောက်သံတစ်ချို့ကလည်း ဟိုနေရာ ဒီနေရာကနေ တစ်ချက်ချက်ထွက်လာသည်။ သည်းမခံနိုင်တဲ့အဆုံး ထထိုင်ကာ အပြင်သို့ထွက်လာခဲ့သည်။ လကလည်း ဒီနေ့မှ သာသည်မို့ အလင်း လမ်းလျှောက်ထွက်လာခဲ့သည်။
အလင်းလမ်းလျှောက်လာရင်း ရောက်ခါစက အမွှေစိန်နဲ့တွေ့ခဲ့တဲ့ အဆောင်လေးကိုရောက်လာသည်။
ဘာရယ်မဟုတ် အဆောင်လေးကိုကျော်ပြီး တံတားဘက်သို့ထွက်လာခဲ့သည်။ညဘက်မို့ ကန်ရေပြင်မှာ လအရိပ်ကဟပ်နေသည်။ ဘေးမှာလည်း ကြာတွေပွင့်နေသည်မို့ အတော်ကြည့်ကောင်းသည်။ညလေအေးကလည်း မျက်နှာကိုဖြတ်ကာ ကျီစယ်သွားသေး၏။နန္ဒာတစ်ယောက် ဒီနေ့ ဥယျာဥ်ထဲက စာဖတ်ဆောင်မှာရောက်နေသည်။ စိတ်မပျော်လေတိုင်း ဒီအဆောင်မှာ အပန်းဖြေနေကျ........အခွင့်မရှိရင် ဒီအဆောင်ဘက်ကို ဘယ်သူမှ လာခွင့်မရှိ။နန္ဒာနဲ့ ညီမတော်သာ ဒီအဆောင်ကိုဝင်ထွက်ခွင့်ရှိသည်။
စာဖတ်နေတာ အချိန်နောက်ကျနေသည်မို့ စက်တော်ခေါ်ဖို့ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်သည့်အချိန် အဆောင်အပြင်ဘက်ကနေ လူရိပ်တစ်ခုဖြတ်သွားတာ မြင်လိုက်သည်မို့ ညီမတော်ဟုထင်မိသော်လည်း ဒီကလေးမလေးက အအိပ်မက်သူမို့ ဒီအချိန်ကြီး သူမဖြစ်နိုင်။ ဘယ်သူများလဲဟု သိချင်၍ထကြည့်မိတော့.............တံတားထိပ်မှာ မတ်တပ်ရပ်ကာ ကောင်းကင်ပေါ်က လကိုငေးကြည့်နေသည့် မြတ်မာန်ကို တွေ့ရသည်။ ညမို့ထင်ပါရဲ့ သူ့ဆံပင်တွေကိုစည်းမထားတာကြောင့် လေအဝေ့မှာ ဆံပင်တွေလွင့်နေသည်။ နန္ဒာနဲ့တစ်စောင်းအနေထားမှာမို့ သူ့မျက်နှာချောချောက လရောင်ကြောင့် ပိုကြည့်ကောင်းနေသလိုပင်။
"မြတ်မာန်"
"ဟင်.......အရှင်မ"
"ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ဒီနေရာကိုဘုရင်မနဲ့သူညီမကလွဲရင်လာခွင့်မရှိဘူးဆိုတာ မသိဘူးလား"
နန္ဒာ့အသံနည်းနည်းမာသွားတော့
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ