နန်းတွင်းထဲနေတာကြာတော့ နန်းတွင်းထဲကလူတွေနဲ့တောင်ရင်းနှီးနေပြီ။ အလင်းလည်း နန်းတွင်းထဲမှာ အလုပ်မရှိအကိုင်မရှိဆိုတော့ နန်းတွင်းထဲ ဂျင်ဂျင်လည်နေပြီ။
ခုလည်း ကိုဝသုန်ရှိတဲ့ စစ်ရေးလေ့ကျင့်ကွင်းထဲ ရောက်နေတယ်။ ကိုဝသုန်ကတော့ အပေးအယူအတိုင်း ဘုရင်မရဲ့ ကိုယ်ရံတော်တပ်ထဲရောက်သွားတယ်။ စစ်ရေးလေ့ကျင့်တာ ခဏနားတော့ ကိုဝသုန်က အနားရောက်လာတယ်။
"ဟေ့ ညီငယ် ဒီနေ့ရော လည်စရာမရှိလို့ ဒီရောက်လာတာလားကွ"
"ဧကန်နတော့ မျက်စိလည်လာတာဖြစ်မယ်"ဟုအနားကိုရောက်လာတဲ့ တပ်မှုး ရဲဲသီဟကဝင်ပြောသည်။
"မဟုတ်ပါဘူးဗျ ဒီတိုင်းသက်သက်လာတာပါဗျ"
ကိုဝသုန်ကနေ"ဒါထက် နောင်ကြီးရဲသီဟရဲ့နှမ ရွာပြန်သွားတယ်ဆို"
"ဟုတ်ပါရဲ့ဗျာ ရွာမှာဘုရားပွဲရှိတော့ သူ့ရဲ့အကြီးအကဲကို ခွင့်ပန်ပြီး ပြန်သွားလေရဲ့"
ဘုရားပွဲဆိုတော့ အလင်းနည်းနည်းစိတ်ဝင်စားသွားတယ်......ဒီနန်းတွင်းထဲနေရတာ ကြာနေပြီမို့လား။
"ကိုရဲသီဟရွာက အတော်ဝေးလား"
"မဝေးပေါင်ဗျာ နန်းတွင်းကနေ မြင်းနဲ့ဆို တစ်မောင်း လောက်ပဲကြာမယ် ညဘက်ဆို ပိုစည်တယ်ဗျ"(တစ်မောင်း ဆိုတာ တစ်နာရီကိုပြောတာပါ)
အလင်းလည်း ကိုရဲသီဟဆီကရွာကိုမေးလာပြီး ရောက်အောင်သွားဖို့တေးထားသည်။ ဒါမဲ့ လည်ဖို့ ပိုက်ဆံမရှိတော့ ဘယ်လိုလုပ်ရပါ့။
ထိုအချိန်တိုက်တိုက်ဆိုင်ဆိုင် ကော့တော့ကော့တော့နဲ့ ဟိုအမွှေစိန် သူနဲ့မလှမ်းကနေဖြတ်သွားတာ မြင်တော့
"ဟေ့ အမွှေစိန်"
"ဘာ"
"အာပြဲကြီးနဲ့ အော်မနေပါနဲ့ ရုပ်ဆိုးရတဲ့အထဲ အသံနဲ့ပါ နှိပ်စက်မနေနဲ့" အလင်းစလိုက်တော့ ရှူးရှူးရှဲရှဲနဲ့ ပြန်လှည့်လာတယ်။
"ဘာ အမွှေစိန်လဲ နာမည်ဖျက်မနေနဲ့"
"ဟာ မဟုတ်လို့လား မင်းမွှေလို့ ကျုပ်အဆောင်တောင်ပြောင်းလိုက်ရတာလေ"ခပ်တည်တည်နဲ့ဟောက်လိုက်တော့ မျက်စောင်းကြီးထိုးပြီး တစ်ဖက်လှည့်သွားသည်။
YOU ARE READING
စေဝတ္တရာပြည်သို့ တမ်းချင်း
Fantasyအချစ်ဆိုတာ အချိန်မရွေး နေရာမရွေး ချစ်မိသွားတာမျိုး ဦးနှောဏ်ကမချစ်ဖို့ သတိပေးနေတုန်းမှာပဲ နှလုံးသားကချစ်လိုက်မိပြီ လင်းမြတ်မာန် ကျွန်တော့ရဲ့ ပထမဆုံးစိတ်ကူးယဥ်ဇာတ်လမ်းလေးပါ