I Love You 💚❤️
Unicode
Part-1ဘဝ မှာ မချစ်ဘဲနဲ့လည်း လက်ထပ်ဖြစ်ခဲ့ခြင်းတွေလည်း
အများကြီးရှိမှာပါ။အဲ့ဒီလိုစာရင်းမှာ ပါဝင်လာခဲ့တာတော့
ကျွန်တော် Nanon Korapat ပါ ။ဒီနေ့ ကျွန်တော်ရဲ့ မင်္ဂလာပွဲပါ ။
ထပ်ပြီး ထူးကဲစွာ ပြောရရင် ကျွန်တော်နဲ့ လက်ထပ်မဲ့
သူက ယောကျာ်းလေးတစ်ယောက်ပါ။ယောကျာ်းလေးတစ်ယောက်ကို
လက်ထပ်တယ်ဆိုတာ အဆန်းတော့မဟုတ်ပါဘူး။
ကျွန်တော်ကိုယ်တိုင် Crushခဲ့တဲ့သူကိုက
ယောကျာ်းလေးတစ်ယောက်ဖြစ်ခဲ့တာမို့။
ကျွန်တော့်ရဲ့ Crushခဲ့တဲ့ ဇာတ်လမ်းလေးဟာ
စတင်ခြင်းတွေရှိတောင် မရောက်သေးဘဲ ပြီးဆုံးသွားခဲ့ပါတယ် ။
ခု မင်္ဂလာပွဲကြောင့်..." ပြီးပြီလား "
အခန်းထဲ ဝင်လာပြီး အသံခပ်မာမာနဲ့ ပြောလာတဲ့သူကတော့
ကျွန်တော်ကြည့်မရတဲ့ ကျွန်တော်နဲ့ လက်ထပ်မဲ့သူ
Ohm Pawat Chittsawangdeeဆံပင်ကို နောက်ဘက်အကုန်သပ်တင်ထားပြီး
မင်္ဂလာဆောင်အတွက် Designer သီးသန့်အပ်ထားတဲ့
အဖြူရောင် ဝတ်စုံနဲ့ ထင်ကနဲ့ ဖြစ်နေအောင်
ချောမောခန့်ငြားတယ်လို့ ပြောလို့ရတဲ့ ရုပ်ရည်နဲ့ ဖြစ်သည်။
ယောကျာ်းလေးမိန်းကလေး အကုန်ငေးကနဲ
ဖြစ်တဲ့ ရုပ်ရည်ဆိုပေမယ့်
ကျွန်တော့်အတွက် စစခြင်း တွေ့ဆုံခဲ့တဲ့
အင်္ကျီအမဲ အနောက်က ကိုယ်ရံတော်တွေနဲ့
လူဆိုးဂိုဏ်းခေါင်ဆောင်လိုလို မြင်ခဲ့တဲ့
အဲ့ဒီအမြင်ကနေတော့ ပြောင်းလဲသွားတာမျိုး မရှိပါ။"ပြီးပြီ ပြင်ဆင်စရာလည်း အများကြီးလိုအပ်နေတာမှ မဟုတ်တာ"
" လိုအပ်လား မလိုအပ်လား ပွဲထဲရောက်ရင် သိရမှာပေါ့ "
အနားနားကပ်ပြီး မထီတထီ စကားပြောတဲ့
အဲ့ဒီပုံစံတွေ တကယ် မုန်းလိုက်တာ။
လူကို ကြည့်တဲ့ ပုံတွေ ၊
လူကို နိုင်ချင်တဲ့ ပုံတွေ ၊ခုသူနဲ့ဆင်တူ ဝတ်ထားတဲ့ ဒီအဖြူရောင် အင်္ကျီကို ပေမည်းအောင်
လုပ်ပစ်လိုက်ချင်စိတ်တွေ ပေါက်တယ်။မုန်းသည်ဖြစ်စေ ချစ်သည်ဖြစ်စေ
ခေါင်းငြိမ့်ခဲ့ပြီးသွားပြီမို့ ခဏနေရင် ပွဲထဲဝင်ရတော့မှာပဲ ဖြစ်သည်။
YOU ARE READING
3.I Love You (Complete)