I Love You 💚❤️
Unicode
Part-13ကျွန်တော် ဒီနေ့ မနက်စောစော အလုပ်ခန်းကို ရောက်တဲ့ချိန်ထဲက လုပ်ရမယ့် ကိစ္စတွေကို စတင် မလုပ်ဆောင်သေးဘဲ
Nanonရဲ့ မိဘအိမ်ကို ဖုန်းလှမ်းဆက်ခဲ့သည်။
အကြောင်းအရင်းကတော့ ကျွန်တော်တို့ နှစ်ယောက်
ညစာလာစားဖြစ်မယ်ဆိုတဲ့ကိစ္စ။ဖုန်းဆက်အပြီးမှာတော့
B'mike ရှိကနေ ကျွန်တော်ရှိ အကြောင်းကြားလာတယ် မင်္ဂလာဆောင်ဓါတ်ပုံတွေ ရောက်လာပါပြီဆိုပြီးမင်္ဂလာဆောင်ပြီး တစ်ပါတ်လောက်
ဓါတ်ပုံတွေ ရနေတဲ့အချိန်ထဲက
နံရံမှာ ကပ်ထားဖို့ ပုံအကြီးကို
ကျွန်တော်ကိုယ်တိုင်ပဲ ရွေးပြီးအပ်ခဲ့တာ ခုတော့ ရခဲ့ပြီ ။
အဲ့ပုံအကြီးကို အိပ်ခန်းထဲမှာထားမှာမို့ အိပ်ခန်းထဲ
တစ်ခါထဲ ထည့်ခိုင်းပြီး ချိတ်ပေးထားဖို့ပါ ပြောထားလိုက်သည်။သေချာပေါက် Nanonကတော့ နေရာတစ်ခု ရွေးမှာပဲ ။
အစကတော့ ဆင်းလာဖို့ စိတ်ကူးမရှိပေမယ့် ဘယ်နေရာရွေးလဲ
သိချင်လာတာနဲ့ ပြန်ဆင်းလာခဲ့လိုက်တော့သည်။
အခန်းထဲရောက်တော့ ရွေးထားတဲ့ နေရာက သဘောကျစရာပဲ။
အခန်းထဲမှာ ထားဖို့ တခြားနေရာတွေလည်း ရှိပေမယ့်
ကုတင်ခြေရင်းဘက်က နံရံပေါ်ကိုရွေးထားတယ်။ညအိပ်တိုင်း ကြည့်ရမယ့် ပုံက ဘာပုံမှန်း မသိရသေးဘဲ
ရပ်ကြည့်နေတဲ့ပုံက အနောက်ကနေ ဖက်ထားလိုက်ချင်စရာပုံကို ဖွင့်ချလိုက်တဲ့အခါမှာ မြင်ရတဲ့ပုံက
ကိုယ်တိုင်ရွေးထားတဲ့ ကျွန်တော်တောင်
တမေ့တမော ကြည့်မိတယ်။ ကိုယ့်အရှေ့ကရပ်နေတဲ့
ကောင်လေးကို ကြည့်လိုက်တော့လည်း
ရပ်ကြည့်နေတာ မျက်တောင်တောင် မခက်လောက်ဘူးထင်တယ် ။
အရင်က အခြေနေနဲ့ဆို ကြည့်တောင် ကြည့်ပါ့မလား
နေရာလည်း ဖြစ်သလို ထားမယ်ထင်တယ်။
ခုကတော့ အဲ့လိုမဖြစ်ဘဲ Nanonစိတ်ထဲမှာ အသေချာကို
သဘောကျနေမယ်လို့ ထင်မိတယ် ။ကျွန်တော်တို့ မင်္ဂလာပွဲက နမ်းနေတဲ့ပုံအကြီးကို ကြည့်နေမိရင်း
ညတုန်းက Nanonရဲ့ မျက်လုံးတွေ မှိတ်ထားရာကနေ
ပြန်ဖွင့်လာပြီး ကျွန်တော့်ကို ပြန်ကြည့်တဲ့ အကြည့်တွေကို
မြင်ယောင်မိကာ Nanonရဲ့ ပါးကို အနောက်ကနေ ငုံ့ပြီး
နမ်းလိုက်မိလေသည်။ အပြင်လူတွေရှိနေတာသိနေပေမယ့်
စိတ်ကလည်း မထိန်းနိုင်တော့ဘူး။
YOU ARE READING
3.I Love You (Complete)