I Love You 💚❤️
Unicode
Part-11လေယာဉ်ဆိုက်တာနဲ့ အိမ်သို့ အမြန်ဆုံးပြန်လာခဲ့သည်။
ဘန်ကောက်သို့ ပြန်ရောက်ပြီဆိုတာ ဦးလေးဖန်းးကလွဲပြီး
ဘယ်သူမှ မသိ ။ ဦးလေးဖန်းတောင် လေယာဉ်ဆိုက်ပြီးမှ
ဆက်သွယ်လိုက်တာကြောင့် သိနေခြင်းဖြစ်သည်။
အိမ်ကို ပြန်ရောက်ပြီး ကားပေါ်က ဆင်းဆင်းချင်း ဦးလေးဖန်းက"ဒီခေါက် ပြန်လာတာ စောလှကြီလားး"
"ဟုတ်တယ် ဦးလေး အလုပ်ကိစ္စပြီးပြတ်သွားလို့
Nanonရော ကျွန်တော် ပြန်လာမှာ သိလားး"" ဘယ်လိုလုပ်သိဦးမှာလဲ ဦးလေးတောင် စောစောကမှသိလို့
ကြိုဖို့ အမြန်စီစဉ်ပေးလိုက်ရတာ မဟုတ်ဖူးလားး"" ဟုတ်သားပဲ
အာ့ဆို ကျွန်တော်သွားပြီနော် ဦးလေး
ကျန်တာ ဆက်လုပ်ပေး
အဲ့ထဲမှာ ဦးလေးအတွက်လည်း လက်ဆောင်ပါတယ်"အလုပ်သမားတွေ ချနေတဲ့အိတ်ကို လက်ညိုးထိုးပြလိုက်ပြီး
ပြောလိုက်သည်။" ဟုတ်ပါပြီ အမြန်သွားပါ အရေးကြီးနေတယ်မလားး"
ကျွန်တော် တစ်ချက်ပြုံးပြပြီး
ကျွန်တော့်လက်ဆွဲအိတ်နဲ့ အတူ
ကျွန်တော်နေတဲ့ အိပ်ခန်းဆောင်ဘက်သို့အဲ့နားကိုရောက်တော့ သွားနေတဲ့ ခြေလှမ်းတွေရပ်လိုက်မိတယ်။
Nanonကို လှမ်းတွေ့လိုက်တာမို့အိပ်ခန်းဆောင်ရဲ့ အရှေ့က တံခါးအပြင်ဖက်
အပင်တွေ ခြားထဲမှာ ဂါဖီးကို ပေါင်ပေါ်တင်ပြီး ထိုင်နေတယ်။
ဘေးမှာ Ajနဲ့ JJ
အစကတော့ ကျွန်တော်လာနေတာကို မတွေ့ဘူး
သူ့ကြောင်ကြီးကို ငုတ်ပြီး ဘာတွေ ပြောနေလဲ မသိ။
အဲ့လိုကနေ ကျွန်တော့်ကိုလည်း တွေ့သွားရော
ကြောင်နဲ့ ရယ်ပြီး ပြောနေတဲ့ ပုံကနေ ချက်ချင်း တည်သွားကာ
မတ်တပ် ထရပ်လေသည်။"Nanon ဖြည်းဖြည်းရပ်လေ"
ကျွန်တော်ပြောတာ အဖက်မလုပ်သည့်အပြင်
ထော့နင်း ထော့နင်းနဲ့ ဟိုဘက်လှည့်ကာ အိမ်ထဲသို့ ဝင်လေသည်။
ရုတ်တရက် အမြန်ထပြီး သွားနေတာကိုကြည့်ပြီး AJ JJကပါ
ဘာလုပ်ရမလဲမသိ။ကျွန်တော်က AJ JJကို လက်ကာပြလိုက်ပြီး
ကျွန်တော်ပဲ အနောက်က လိုက်သွားလိုက်သည်။
ဘေးကနေ တွဲမလို့ လုပ်လိုက်ကာ
"Nanon ဖြည်းဖြည်းးလျှောက်လေ"
YOU ARE READING
3.I Love You (Complete)