I Love You 💚❤️
Unicode
Part - 26ဖြူဝင်းသွယ်လျ လှပတဲ့ လက်ကလေးမှာ ပတ်တီးနဲ့အပြင် လက်ချောင်းလေးတွေမှာ ဒဏ်ရာသေးသေးမွှားမွှားလေးတွေကလည်း ထင်ထင်ရှားရှား။ညာဘက်ခြေထောက်တစ်ဖက်မှာ ကျောက်ပတ်တီး စည်းထားရပြီး ခေါင်းမှာလည်း ပတ်တီးနဲ့ ။
ဘယ်သူလုပ်တာလဲ ??ငါ့ကလေးကို ခုလိုဖြစ်အောင် ဘယ်သူက ကြံစည်တာလဲ။သေချာတာတော့ သူကို လာချိန်းခြောက်ချင်နေတာ။ခုလက်ရှိ အပြိုင်အဆိုင် လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေက လေးငါးဦးမက အဲ့ထဲမှာမှ ဒီလို စိတ်ဓါတ်အောက်တန်းကျတဲ့ သူတွေက သုံးဦးလောက်ရှိသည်။ ထိုထဲမှာ ဟိုအဖိုးကြီးသားအဖကိုတော့ အတွေးထဲမှာ ထိပ်ဆုံးကကို ပေါ်လာခဲ့တယ် ။ သူလား သူ့သားလား ။
"ဘယ်သူဖြစ်ဖြစ် လုပ်တဲ့သူတွေ အသက်ကောင်းကောင်းသာ ရှူထားကြ "
Nanon ဒဏ်ရာတစ်ခုကြည့် စိတ်ထဲက တစ်ခါ ရွတ်ဆိုမိ။ ၁၂ကျော် ၁,နာရီတောင်ရှိနေပေမယ့် Nanon သတိရလာခြင်းတော့ မရှိသေးဘူး။ AJတောင် သတိရလာပြီလို့ ကြားတယ် ကလေးလေးက ဘာလို့ မရသေးတာလဲ။ JJကတော့ ပွန်းပဲ့ဒဏ်ရာ အချို့နဲ့ ခေါင်း သုံးချက် ချုပ်လိုက်ရတာက လွဲလို့ ကြီးကြီးမားမားသိပ်မဖြစ်။ စောစောကတောင် ငိုသံလေးစွတ်ပြီး သူတို့အမှားပါဆိုပြီး လာတောင်းပန်သေးသည် ။ ဘာလို့ အပြစ်တင်ရမှာလဲ သူတို့ နှစ်ယောက် ကာကွယ်ပေးခဲ့လို့သာ Nanon ဒီလောက်ပဲဖြစ်တာ ။
Nanon က ကားကို သူဘက်လှည့်ပြီး တိုက်ချလိုက်ပေမယ့် AJနဲ့ JJက ရသလောက် ကာပေးခဲ့တယ် ထင်ပါတယ်။ AJကတော့ အရှေ့မှာရှိသူပီပီ သူကာပေးခဲ့တဲ့ လက် ကျိုးသွားခဲ့တယ်။
အဲ့ရလာဒ်အရ Nanon ရဲ့ နံရိုးတွေ ကျိုးတဲ့အထိ မဖြစ်ခဲ့ရတာ ။" အင့်! ..အင်းး"
ငြီီးညူသံလေးကြာလိုက်ရလို့ လက်လေးကိုင်ထားလျက်နဲ့ ထကြည့်မိလိုက်တယ်။ မျက်ခုံးတွေက နာကျင်နေတာကို ပြသနေလေသည်။ ဆေးရှိန်ပြယ်စပြုလာပြီထင်တယ်။ သတိတော့ ရလာတာ မဟုတ် ။" သခင်လေး ကုတင်အပိုမှာ ဖြစ်ဖြစ် အနားယူလိုက်ပါလား ကျွန်တော်တို့ သုံးယောက်လည်း ရှိနေတာပဲ "
YOU ARE READING
3.I Love You (Complete)