I Love You 💚❤
Unicode
Part-9အပြင်မထွက်ဘူး လုပ်ထားပေမယ့် သူငယ်ချင်းတွေက
အတင်းခေါ်ဆိုနေတာကြောင့်
ဒီနေ့ည Barမှာ တွေ့ဖို့ကို ချိန်းထားလိုက်သည်။ဟို လူကြီးကိုလည်း ပြောပြီးပြီဆိုတော့
အဆင်ပြေ ချောမွေ့စွာနဲ့ မင်္ဂလာပွဲ မတိုင်ခင်ထဲက မသွားဖြစ်တဲ့ Bar ကို သွားဖြစ်တော့မယ်။ဒီညနေတော့ ကိုယ်တိုင်ကားမောင်းပြီး ထွက်လာခဲ့တော့သည်။
Bar ရောက်တော့
M : မင်းလည်းနော် မနည်းပင့်ရတယ်"
P : ခု လာပြီပဲကွာ ထားလိုက်ပါ
ငါတို့လို လွတ်လွတ်လပ်လပ်မှ မဟုတ်တော့တာ"သူထောက်ပေးတဲ့ စကားကမှ ပိုးဆိုးနေတယ်။
ကိုယ်ကပဲ သူတို့နဲ့ ကွဲပြားခြားနားပြီး ဝေးကွားသွားသလိုN : အခြေနေတွေအမျိုးမျိုးကြောင့်ပါကွာ "
M : မင်း ဘဲကြီးကို ကြောက်တယ်ဆိုတာတော့ ဝန်ခံလိုက်"
N : ရှီးယားး ဘာကိစ္စ ကြောက်ရမှာလဲ
သူ့ကို အစီရင်မခံချင်လို့ အိမ်တွင်းအောင်းနေတာ တစ်ခုပဲ"P : တော်ကြပါတော့ ဒီကိစ္စ
တစ်ခုတော့ရှိတယ် ငါတို့ကို ဘယ်တော့
မင်းနေတဲ့ အိမ်ကို ဖိတ်မလဲ "ဒီကိစ္စကတော့ နည်းနည်း စဉ်းစာရကြပ်ပြီ
ဟိုတစ်ယောက်က သူ့အိမ်ထဲကို အပြင်လူဝင်တာ မကြိုက်ဘူး။
ဒီကောင်တွေကို လာခိုင်းရင် အထဲထိ ဝင်မယ့်ဟာတွေN : မဖိတ်ဘူး "
M : လုပ်စမ်းပါကွာ ငါတို့နှစ်ယောက်ကို ဖြစ်ဖြစ် "
N : စဉ်းစားလိုက်ဦးမယ် ခု ဘာလဲ သီချင်းဆိုကြတော့မလား"
စကားလမ်းကြောင်းလွှဲပြီး တီးဝိုင်းစင်ဘက်ကို
ထွက်လာခဲ့လိုက်သည်။ဆိုဖို့ ပြင်ဆင်နေတုန်းမှာပဲ Bar ထဲသို့ P' Jimmyတစ်ယောက် သူရဲ့ အပေါင်းသင်း ၃ယောက်လောက်နဲ့ ဝင်လာခဲ့တယ်
ကျွန်တော်လည်း သူလာမယ် မထင်ထားသလို
သူကလည်း ကျွန်တော်ကို မြင်တော့ ရှိမယ် မထင်ထားလို့
ထင်တယ် အံ့ဩသွားတယ်။ အရင်လို အပြုံးချိုချိုလေးတွေနဲ့ နှုတ်ဆက်တော့ ကျွန်တော်လည်း အလိုက်သင့်ပြန်ပြုံးပြလိုက်သည်။
YOU ARE READING
3.I Love You (Complete)