I love you 💚❤️
Unicode
Part-31မြို့ပြင်က ပိုင်ရှင်မဲ့ ဂိုဒေါင်တွေထဲက ဂိုဒေါင်တစ်ခု အကြီးအကျယ် မီးလောင်နေသဖြင့် ရဲကား၊မီးသတ်ကားသံများဖြင့် ဆူညံနေလေသည်။ ထိုထဲတွင် အမဲရောင်အင်္ကျီများဖြင့်ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ အဖွဲ့ကလည်း ရှိလေသည်။
လွန်ခဲ့တဲ့ နာရီပိုင်းက Nanon ကို ဖမ်းခေါ်သွားတဲ့ ကားနောက်ကို လိုက်နေတဲ့ နောက်ယောင်ခဲ့သည့်ကားသည် တစ်နေရာအရောက်မှာ မျက်ခြည်ပြတ်သွားခဲ့သည်။ နောက်မှ လိုက်လာသော Ohmတို့အဖွဲ့တင်မဟုတ် ရဲကားများပါ ရောက်လာသည့်တိုင် ဘယ်ကို ဦးတည်ရှာရမလဲ အကြံအိုက်နေကြသည်။
(နောက်ယောင်ခံလိုက်တဲ့သူတွေ မျက်ခြည်ပြတ်သွားတဲ့နေရာမှာ အားလုံး ရှိနေကြတာ ဖြစ်သည်။ AJ/JJတို့ပါ ထိုနေရာသို့ ရောက်ရှိနေလေပြီ)ထိုအချိန်မှာ အရှေ့ကနေ မီးသတ်ကားများဖြတ်သွားရုံမက ရဲများရှိလည်း သတင်းအချို့ရောက်လာခဲ့သည်။ မြို့ပြင်ဂိုဒေါင် မီးလောင်နေကြောင်း ၊ ထိုနေရာတွင် မီးမလောင်ခင် လူအုပ်စုများလည်း ရှိနေကြောင်း ဆိုသည့် အကြောင်းရာများကြာင့် ရဲများသည် ထိုနေရာကို သွားဖို့ ပြင်ဆင်ကြတော့သည်။
Ohm သည်လည်း စိတ်ထဲ သင်္ဃာမကင်းသည်မို့ ထိုနေရာသို့ လိုက်သွားဖို့ အားလုံးကို ညွှန်ကြားလိုက်သည်။
ထိုနေရာရောက်တော့ ကိုယ်ရံတော်အများစုသည်လည်း အခြေနေကို လိုက်လည်ကြည့်ရှု့လေသည်။ မီးသတ်သမားတွေကတော့ အထဲမှာ လူအချို့ ပိတ်မိနေတယ်လို့ ပြောသည်။ မီးအပူရှိန်ကတော့ မီးသတ်သမားများပါ ဝင်ဖို့ ခက်နေလေသည်။ ဂိုဒေါင်အချို့လည်း မီးကူးခံနေရတာကြောင့် တော်ရုံနဲ့ ဝင်ကယ်လို့မရ။
___________________အဖြစ်ပျက်တွေက ယုံချင်စရာမကောင်းအောင် မြန်ဆန်နေသည်။
မဖြစ်ရဘူး ဒီကို Nanon ကို ဖမ်းခေါ်လာတယ်ဆိုတာ လုံးဝ မဖြစ်ရဘူး ။" သခင်လေးး "
" မပြောနဲ့ ပါးစပ်မဟကြနဲ့... Nanonကို ဒီကို ဖမ်းခေါ်သွားကြတယ်လို့ "
ကျွန်တော် အသံတွေတုန်နေကောင်း တုန်နေပါလိမ့်မယ် ..
နောက်ယောင်ခံလိုက်သွားတဲ့ ကားနောက်လိုက်ရင်း
ဖုန်းဝင်လာတာက ကျွန်တော်တို့ မျက်ခြည်ပြတ်သွားပြီတဲ့ ..
YOU ARE READING
3.I Love You (Complete)