I Love You💚❤
Unicode
Part-3ရယ်ရတာတွေ ရယ်စရာတွေဆိုတာ ဘယ်ချိန် ဘယ်တုန်က
ကြုံခဲ့ရမှန်းတောင် မမှတ်မိတော့အောင် နည်းပါးလှသည်။
ကိုယ့် လက်အောက်မှာ ရှိတဲ့သူတွေ ကြောက်အောင်
လေးစားအောင် နေပြနေရတာနဲ့ မျက်နှာပုံစံဟာ ခက်ထန်တဲ့
အမူရာ ပုံသေရိုက်ထားသလိုပဲ ။ဒါပေမယ့် ခုရက်ပိုင်း တိတိကျကျပြောရရင် ဦးလေးဖန်းသူငယ်ချင်းမိသားစုနဲ့ တွေ့ရတဲ့အချိန်ကစပြီး ကိုယ့်ကိုကိုယ် ခဏခဏ ရယ်မိတာကို သတိထားမိတယ်။
အဲ့လို ခဏခဏ ရယ်ဖြစ်လာတာကတော့
ခုကားထဲမှာအတူ ထိုင်နေတဲ့ ကောင်လေးကြောင့်လို့
ပြောရင်လည်း မမှားဘူး။စိတ်ထဲဘာလို့လဲ မသိဘူး။
ကားပျက်နေလို့ စိတ်ညစ်နေတဲ့ ပုံကိုကြည့်ပြီး
ကူညီပေးချင်တာနဲ့ သူသွားမယ့်နေရာကို လိုက်ပို့ပေးမိတယ်။
နောက်ပြီး သူ့ရဲ့ Bar ထဲထိ ဝင်လာခဲ့မိတယ်။သူ့ကို မြင်ရရင် စိတ်ထဲမှာ လွတ်လပ်သလို
ပေါ့ပေါ့ပါးပါးရှိသလို ခံစားရတယ်။
သူ့ပုံစံကို ခုထပ်ပိုပြီးလည်း လေ့လာချင်မိတယ်။အဲ့တာကြောင့်ပဲ ကျွန်တော်ကို စစတွေ့ချင်းတုန်းကအတိုင်းပဲ
ဆက်ပြီး ရှိန်မနေအောင် ထပ်ပြီး ပိုခင်အောင်
စကားတွေအရင် ပြောယူခဲ့ရတယ်။ခုတော့ သူသီချင်းဆိုတာ ထိုင်ကြည့်ရင်း
ကလေးလိုပျော်ရွှင်သွားတဲ့ မျက်နှာနဲ့ လှမ်းနှုတ်ဆက်လိုက်တဲ့
ဟိုဘက်ခုံက တစ်ယောက်ကိုလည်း ကြည့်မိတယ်။
အသားဖြူဖြူ ဥပဓိရုပ်သန့်သန့်နဲ့ ခပ်ချောချောပင်ဖြစ်သည်။
သူ့ဘေးမှာ နောက်ထပ်အဖော်တစ်ယောက်တော့
ထပ်ပါလာသေးသည်။သီချင်း သုံးပုဒ်လောက်ဆိုပြီးသွားတော့
စင်ပေါ်ကဆင်းလာတယ်။
ကျွန်တော့်ရှိကိုတော့ မဟုတ်ဘူး ။
ဘေးဝိုင်းက တစ်ယောက်ရှိသို့ ...
ပြုံးရယ်ပြီး စကားတွေပြောနေတာ ...ထိုအချိန်မှာပဲ ကျွန်တော့်ရှိကို ဖုန်းဝင်လာခဲ့တယ်။
ညတွင်းချင်း ဖြေရှင်းရမယ့် အရေးတကြီး
အလုပ်ကိစ္စတစ်ခုဖြစ်နေတာမို့ အိမ်ပြန်ရတော့မည်။
အဲ့တာနဲ့ ဟိုဘက်ဝိုင်းမှာ ရှိနေတဲ့ Nanonကို နှုတ်ဆက်မလို
ထ လာခဲ့တယ်။
YOU ARE READING
3.I Love You (Complete)